အပိုင်း {၄၁} (UNICODE)

398 26 8
                                    

အချိန်တွေ ကုန်တာမြန်လာလိုက်တာ ... ကျန်ရစ်ခဲ့ရသော အပိုင်းအခြားတစ်ခုအပြီး၌ မာန်ပင် ဒုတိယနှစ် ဆေးကျောင်းသားကြီး ဖြစ်နေလေပြီ။ ဒါဖြင့် လှိုင်းကရော။ အင်း ... သူသည်လည်း စစ စာသင်ချင်းကနှင့် ကွဲပြားစွာ ကျောင်းသားတွေ လက်ခံလာရသည်မှာ အားလပ်ချိန်ပင် မနည်းချန်လှပ်နေရသည့် အခြေအနေ။ မည်မျှပင် မအားမလပ် ဖြစ်နေသည်ဆိုဆို လှိုင်းသံစဉ်သည် မာန့်၏ မူပိုင် ဒရိုင်ဘာကို အတတ်နိုင်ဆုံး မပျက်မကွက် လုပ်ပေးရှာသည်။ သူ့ကျောင်းသားများနှင့် အချိန်ညှိလျှင်တောင် သူကိုယ်တိုင် ရေးထားသည့် မာန့်အချိန်စာရင်းကို အိတ်ထဲမှ ထုတ်ကာ မာန့်ကို အပို့အကြို လုပ်ရမည့် အချိန်များနှင့် မညှိနေအောင် သေချာ လုပ်ထားတတ်သေးသည်။ မာန်သည်လည်း ပထမနှစ်ကတုန်းက ဂျူတီကုတ် တကားကားနှင့် ဆေး (၁) အတွင်း လျှောက်သွားခဲ့ပေမဲ့ ၊ သူငယ်ချင်း အသစ်များနှင့် အပေါင်းအသင်း လုပ်ခဲ့ပေမဲ့ ၊ ဆေးကျောင်း၏ king အဖြစ် တင်မြှောက်ခြင်း ခံရပေမဲ့ လှိုင်းသံစဉ် မရှိသော တက္ကသိုလ်၌ လစ်ဟာမှုကို ခံစားနေရဆဲ ၊ အမြဲ လေပြည်အေးနှင့် တရားဟောတတ်သည့် ဘုန်းသွင်နှင့် နောက်နောက်ပြောင်ပြောင် ပေါ့ပေါ့ပါးပါး နေတတ်သော မိုးထက်တို့နှင့် ဝေးရာတွင် စစ်မှန်သော ပျော်ရွှင်မှုကို လက်လွတ်ထားရဆဲ ၊ ပထမဆုံး တွဲဖူးသည့် ချစ်သူမိန်းကလေးအား နံဘေး၌ ထားရှိကာ လက်တွဲမဖြုတ်ဘဲ သစ္စာရှိနေဆဲ။

"ကို ..ခင်နဲ့ တစ်ခါတည်း လိုက်ခဲ့လေ။ အိမ်ပဲ ပြန်မဲ့ဟာကို။"

"မလိုက်တော့ဘူး ခင်။ ခင် ပြန်နှင့်လိုက်တော့။ ငါ လှိုင်းသံစဉ်ကိုပဲ စောင့်လိုက်မယ်။"

"အင်းပါ ဒါဆိုလည်း။ ခင် ညကျ ဖုန်းဆက်လိုက်မယ်နော် ကို။"

"အိုကေ ခင်။ ကားဖြည်းဖြည်းမောင်း။"

"ဟုတ် ကို"

ခင်သည် မာန့်ကို စိတ်မချသလို လှည့်ကြည့် လှည့်ကြည့်လုပ်ရင်းမှ တဖြည်းဖြည်း ဝေးသွားကာ မာန့်မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။ မာန်သည် လွယ်အိတ်ကို လွယ်ထားရင်း လက်ထဲ၌ ဆေးစာအုပ်အထူကြီးတစ်အုပ်ကို ပိုက်ထားကာ လှိုင်း၏ အလာကို ကျောင်းရှေ့၌ ရပ်စောင့်နေလိုက်သည်။

လမင်းခြေသံ { Completed }Where stories live. Discover now