အပိုင်း {၁၃} (UNICODE)

540 29 1
                                    

"ဟန်ငြိမ်းရေ ..ဆရာမ ပြောတာတွေ ငါ့ကို သေချာ လိုက်မှတ်ပေးထားပါဦးကွာ။ ငါ အလှူငွေ သွားကောက်ရဦးမို့လို့။"

ကျောင်းတက်ခေါင်းလောင်း ထိုးပြီးမကြာမီပင် ကထိန်အတွက် အလှူငွေ ကောက်ရန် လှိုင်းအား လာခေါ်နေသောကြောင့် တစ်ခုံကျော်၌ ထိုင်နေသည့် ဟန်ငြိမ်းကို မျက်နှာပူပူနှင့် အကူအညီ တောင်းရပြန်သည်။ ဟန်ငြိမ်းကတော့ သူ့ထုံးစံအတိုင်း တပြုံးပြုံးနှင့် ခေါင်းညိတ်ပြသည်။ ကျောင်းကောင်စီအဖွဲ့ဝင် ဖြစ်မှ ဟန်ငြိမ်းကို လှိုင်း အပူကပ်ရသည်မှာ မနည်းလှ။ ဟန်ငြိမ်းကလည်း အမြဲ အကူအညီပေးရန် အသင့် ရှိနေတတ်သည်။

မာန်က ဟန်ငြိမ်းနှင့် ပတ်သက်မှုကို မေးထူးခေါ်ပြောအဆင့်အထိ တိုးမြှင့် လက်ခံပေးလိုက်၍ ပိုအဆင်ပြေသည် ဆိုရမည်။ ဤသည်မှာလည်း မာန် လက်ခံအောင် လှိုင်းမှာ နှစ်ရက်ဆက်တိုက် အာပေါက်မတတ် ပြောပြခဲ့ရသည် ... လှိုင်း အတန်းထဲ မရှိသည့်အချိန် လွတ်သွားသည့် စာများကို ပြန်ကူးရန် တစ်စုံတစ်ယောက် လိုအပ်ကြောင်း ၊ ဟန်ငြိမ်းနှင့်က ယခင်က ရင်းနှီးခဲ့ဖူးသဖြင့် အားမနာရကြောင်း စသဖြင့် အကြောင်းပြချက် မျိုးစုံနှင့် ချက်ကျလက်ကျ ပြောပါမှ မင်းသားလေးက လက်ခံတော်မူသည်။

တကယ်တော့ လှိုင်း ကျောင်းကောင်စီအဖွဲ့ဝင် တကယ် မဖြစ်ချင်ပါ။ ၈ တန်းက ၁၀ တန်းလောက် အရေးမကြီးသော်လည်း အစိုးရစစ်ဖြစ်သည့်အတွက် အထိုက်အလျောက်တော့ အရေးပါသည်။ လှိုင်း တက်ရောက်နေသည့် ကျောင်းမှာ အလယ်တန်းကျောင်းတစ်ကျောင်း ဖြစ်သည့်အလျောက် ၈ တန်းစာမေးပွဲ ဖြေပြီးသည်နှင့် ဤကျောင်းတော်ကြီးမှ ခွဲခွါရတော့မည်။ ပြီးလျှင် အတန်းတင်စာမေးပွဲ သာမက လပတ်စာမေးပွဲများ၌ ဖြေဆိုထားသော အမှတ်များကိုပါ ကြည့်ပြီး ကျောင်းခွဲအုံးမည်။ ကျောင်းခွဲလျှင် လှိုင်း တက်ချင်သည့် ကျောင်းက ဒိတ်ဒိတ်ကြဲနေသည့် ဒဂုံ (၁) ... တကယ်တော့ ဘယ်ကျောင်းကိုရောက်ရောက် ၁၀ တန်း၌ ထူးထူးချွန်ချွန် အောင်မြင်ဖို့ဆိုသည်မှာ ကိုယ့်ကြိုးစားအားထုတ်မှုနှင့်သာ သက်ဆိုင်သည် ဆိုသော်လည်း ဒဂုံ (၁) ကို ပို့သည့် ကျောင်းသူ ကျောင်းသားများမှာ အမှန်စင်စစ် စာတော်ကြသူများသာ ဖြစ်သည်။

လမင်းခြေသံ { Completed }Where stories live. Discover now