အပိုင်း {၄၄} (UNICODE)

427 25 0
                                    

ယနေ့က သီတင်းကျွတ်လပြည့်နေ့ ဖြစ်လေရာ မာန်တို့တစ်အိမ်လုံးသည် ဆီမီးများ ထိန်ထိန်သာနေသည်။ အိမ်နှင့် ခြံထဲတွင် သာမက ခြံတံခါး၌လည်း ဖယောင်းတိုင်များ ထွန်းထားသည် ဖြစ်ရာ ဆီမီးရောင်များသည် မြင်ရသူကို ပူလောင်မနေစေဘဲ အေးချမ်းနေစေချင်သည်။ လှိုင်းနှင့် မာန်သည် ဆီမီးများ ပတ်ထွန်းပြီးနောက်တွင်တော့ ‌ဒေါ်သီတာ ၊ ဦးသော်ကနှင့် ဒေါ်အေးမြတ်မွန်တို့ကို ကန်တော့ရန် ပစ္စည်းများကို အောက်ထပ်သို့ ယူလာကြသည်။ ဒေါ်သီတာ စားဖို့ရန်အတွက် သူမအကြိုက် အချိုမပါသည့် မုန့်များကို မာန်နှင့် လှိုင်းနှစ်ယောက်သား ပေါင်းဝယ်ခဲ့ကြပြီး ဦးသော်ကအတွက်မူ မာန်က သူ့မုန့်ဖိုးတစ်ခုတည်းဖြင့် နာရီ ဝယ်ပေးမည် တကဲကဲ လုပ်သောကြောင့် လှိုင်းကသာ အလျှော့ပေးလိုက်ရသည်။ ဒေါ်အေးမြတ်မွန်အတွက်မူ မာန်က တစ်ပြားတစ်ကျပ်မှ မပေးချင်သဖြင့် လှိုင်းကပဲ ဒေါ်အေးမြတ်မွန် ဝတ်တတ်သည့် ပါတိတ်အဆင်လှလှကို စာသင်၍ရသည့် ပိုက်ဆံများထဲမှ ဝယ်ထားလိုက်ရသည်။

မာန်တို့ အိမ်အောက်ထပ် ရောက်သောအခါ ဧည့်ခန်းထဲ ဝင်လာသည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် တက်ကြွနေသော မာန့်ခြေလှမ်းများ တန့်သွားရသည်။ ဆိုဖာ၌ ထိုင်နေသော လူကြီးများအား ထိုင်ကန်တော့ရန် လက်အုပ်ချီလျက်သား ဖြစ်နေသည့် ဇွဲမာန်ဟိန်းနှင့် မေရတီတို့ရှေ့ရှိ မှန်စားပွဲပေါ်၌ မုန့်များသည်လည်း မနည်းမနော။

ဘာလို့များ ပါပါးဆီက အမှတ်ပိုရဖို့ သူသည် အမြဲ ပါပါး၏ သားနှင့် သမီးနောက်၌ ကျန်ရစ်ခဲ့ရသနည်း။ မာန် မခံစားချင်တော့ဘူး ... ပါပါး၏ သားသမီးများနှင့် ယှဉ်လိုက်ချိန်တိုင်း သူသည် အမြဲတစေ နောက်ရောက်နေသည်ဟု အထင်ရောက်စေသော ခံစားချက်သည် ဘဝတွင် တစ်ခါမှ မခံစားဖူးသည့် သိမ်ငယ်မှုများကို အလုံးအရင်းဖြင့် ခံစားရစေသည်။ ပါပါးဘက်မှ ပြန်ရသည့် မေတ္တာများအစ သူ့ဘက်က ပါပါးကို ပေးနိုင်သည့် ဂုဏ်ယူစရာ အောင်မြင်မှုများအဆုံး အရာရာသည် ပါပါး၏ သား ဇွဲမာန်ဟိန်းကို မမှီနိုင်ပေ။

"ကိုရိပ် ..ဦးက ကိုရိပ်ကို မျှော်နေတာပါ။ ဘာမှ စိတ်မကောင်းမဖြစ်နဲ့နော်။ ကျွန်တော်လည်း ရှိနေတာပဲ ..လာ။"

လမင်းခြေသံ { Completed }Where stories live. Discover now