ကျေးဇူးတင်လွှာ (U + Z)
399 16 9
{ UNICODE }
၄ လနီးပါး ရေးသားခဲ့ရတဲ့ လင်းရဲ့ ပထမဆုံး ခြေလှမ်းလေး ဖြစ်တဲ့ "လမင်းခြေသံ" လေးဟာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးပေမဲ့ နောက်ဆုံးမှာတော့ အဆုံးသတ်သွားခဲ့ပါပြီ။ လင်းအတွက် ဝန်တစ်ခု လျော့ကျသွားသလို ခံစားရပေမဲ့ မာန်နဲ့ လှိုင်းကို ခွဲခွါခဲ့ရတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းရပါတယ်။
"လမင်းခြေသံ" ရဲ့ ဇာတ်သိမ်းကို သဲငယ်လေးတို့ မနှစ်သက်ကြလောက်ဘူးဆိုတာ လင်း သိပါသော်လည်း 'မာန်နဲ့လှိုင်းကို ပေါင်းပေးပါ' ဆိုတဲ့ တောင်းဆိုချက်တွေကို လင်း လျစ်လျူရှုတာ မဟုတ်ပေမဲ့ ယခုလို အဆုံးသတ်မျိုးနဲ့ နှုတ်ဆက်ခဲ့မိတဲ့အတွက် လင်းကို နားလည်ပေးကြပါနော်။ လင်း နောက်ထပ် ဖန်တီးဖြစ်ခဲ့တဲ့ ဇာတ်လမ်းများကျရင်တော့ သေချာပေါက် Happy Ending လေးတွေပဲ ဖြစ်မှာပါကွယ်။
တစ်ဆက်တည်းမှာပဲ လင်းရဲ့ မသေမသပ်တဲ့ လက်ရာလေးကို အချိန်ပေး ဖတ်ရှုပေးကြတဲ့ ၊ သဘောကျပေးကြတဲ့ သဲငယ်တစ်ယောက်ချင်းစီ ၊ တစ်ယောက်ချင်းစီတိုင်းကို လင်းက တကယ် ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 💟 ၃ လကျော် ကာလအတွင်း လင်း ပင်ပန်းခဲ့ရပေမဲ့ တကယ် မေ့မရတဲ့ အမှတ်တရတွေ ၊ ခွန်အားဖြစ်စေမဲ့ စကားလေးတွေ ၊ တသိမ့်သိမ့်နဲ့ ရင်ထဲ ထွေးပွေ့မိခဲ့တဲ့ ပီတိလေးတွေကို ဘယ်တော့မှာ မေ့နိုင်မှာ မဟုတ်ပါဘူး။
နောက်ထပ် လင်း ပြန်လာတဲ့အခါ "လမင်းခြေသံ" က side couple ဖြစ်တဲ့ ပိုင်မြတ်ဘုန်းသွင်နဲ့ နွယ်နိုင်း (သို့မဟုတ်) မိုးထက်ပိုင်နဲ့ ရှိုင်းနောင်ခန့် နှစ်တွဲထဲက တစ်တွဲနဲ့ ပြန်လာဖြစ်မှာပါ ... ဘယ်အတွဲလေးကို အရင်ဆုံး ဖတ်ချင်လဲဆိုတာလေး တစ်ချက် ပြောပေးပါဦးရှင့် { ကြာတော့ ကြာဦးမှာဆိုပေမဲ့ လင်း အချိန်အတိုင်းအတာတစ်ခုကျရင်တော့ ပြန်လာခဲ့မှာပါ }
ဆက်လက်ကြိုးစားလျက် ...
#လင်းမြတ်မိုရ်
{ ZAWGYI }
ဆက်လက်ကြိုးစားလျက် ...
#လင်းမြတ်မိုရ်
လမင်းခြေသံ { Completed }Where stories live. Discover now