☘️ Chapter 1

38.3K 1.4K 73
                                    

☘️ Chapter 01 : Be F**king Gentle


လူ့အဖွဲ့အစည်းနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ဟွာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသောကျေးလက်ဒေသများအား ဆင်းရဲတွင်းမှသာယာ ဝပြောရေးသို့ပြောင်းလဲစေခဲ့သည်။ ထိုတိုးတက် ပြောင်းလဲမှုများကြောင့် အရှေ့ဘက်ကမ်းရိုးတန်း ဒေသရှိ အချို့ကျေးရွာများသည်မြို့ကြီးပြ ကြီးများထက်ပင် ပိုမိုစည်ပင်ကာလှပနေကြသော်လည်း အနောက်ဘက်ခြမ်း သည် ထို့ထက်ပိုဆိုးသည်။ Shanquan သည် အနောက်ဘက်ဒေသရှိ Chuan ပြည်နယ် ပေ့မြို့၌တည်ရှိသော ရွာငယ် လေးဖြစ်သည်။ ရွာရှိ အိမ်ထောင်စုမှာ (၁၀၀) ကျော်ပင်မရှိ‌ချေ။ ကမ်းရိုးတန်းဒေသများလောက် ဘဝကသိပ်‌ကျေနပ်စရာ ကောင်းမနေသော်လည်း နေထိုင်သူများသည်အတန်အသင့်ကောင်းမွန်စွာနေထိုင်နိုင်ခဲ့ကြသည်။

Shanquan မှာ အချမ်းသာဆုံးပုဂ္ဂိုလ်ကိုလက်ညိုးထိုးပြပါဆိုရင် ရွာသားတွေက မင်းကို ''လင်းဂျင်ရွှမ်'' ဆိုပြီး လက်ညိုး ထိုးပြကြလိမ့်မယ်။

လင်းဂျင်ရွှမ် သူ့ကံကြမ္မာကို ဘယ်လိုဖန်တီးခဲ့ရတယ်ဆိုတာကို‌တော့ မည်သူမှမသိခဲ့ကြချေ။ တစ်နေ့သောလွန်ခဲ့သည့် အနှစ် 20 ကျော်၌ ''လင်း'' မိသားစုဝင်ခုနစ်ဦးစလုံး ညတွင်းချင်းသေဆုံးခဲ့ကြပြီး သုံးနှစ်အရွယ် လင်းဂျင်ရွှမ်လေး ပျောက်ဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ Shanquan တွင် ''လင်း'' မျိုးရိုးမရှိခဲ့တော့ပေ........သို့သော် လွန်ခဲ့သောရှစ်နှစ် ခန့်က လင်းဂျင်ရွှမ်ဟုဆိုသော အမျိုးသားတစ်ဦးသည် ရွာသို့ရုတ်တရက်ပြန်ရောက်လာပြီး ''လင်း'' မိသားစု၏ ယခင် နေရာဟောင်း မြေကွက်တစ်ကွက်တွင် တစ်နှစ်ခွဲအတွင်း အိမ်ရှေ့နှင့်အနောက်ဘက်တွင် ဉယျာဉ်များဆောက်လုပ်ခဲ့ သည်။ ထိုအချိန် ရွာသားများသည်မနာလိုဖြစ်ကြပြီး လင်းဂျင်ရွှမ်အားအိမ်ပိုင်ရှင်အဖြစ်မှ အစားထိုးရန်ပင်ဆန္ဒရှိခဲ့ကြ သည်။

သိပ်မကြာခင်မှာပင် ထိုလူသည် ဗီလာနဲ့မဝေးတဲ့ မြေကွက် (၆၆၆.၆၆၆ ... စတုရန်းမီတာ) ရှိသည်။ တရုတ်နိုင်ငံမှာတိုင်း တာသည့် ယူနစ် (Mu) ဒါဇင်ပေါင်းများစွာကိုဝယ်ယူခဲ့ပြီး သူဘယ်လိုလုပ်ခဲ့လဲဆိုသည်အား မည်သူမှမသိခဲ့ကြပေ။ ထို့ နောက် သူသည် ၎င်း၏လယ်ယာလုပ်ငန်းတွင် အလုပ်လုပ်‌ပေးနိုင်မည့်သူများကို စတင်စုဆောင်းခဲ့သည်။ မူလက လူ တိုင်းသည် သူနှင့်ပေါင်းသင်းရန်မလွယ်ဟုထင်ခဲ့ကြပြီး လင်းဂျင်ရွှမ် ထံချဉ်းကပ်ရန်မဝံ့ရဲခဲ့ကြပေ။ သို့သော် အဆုံးတွင် သူသည် ထိုရွာသားများနှင့်ပေါင်းစည်းနိုင်ခဲ့သည်။ ပုံမှန်အချိန်များတွင် လင်းဂျင်ရွှမ်သည် ရွာသူကြီးဇနီးဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်ရှိလူများနှင့် မာကျောက်လာကစားကာအချိန်ဖြုန်းလေ့ရှိသည်။ ဒါ့ပြင် မည်သူကမှ သူဘာအလုပ် လုပ်တယ် သူဘယ်ကပိုက်ဆံရမှဣ်းမည်သူမှမသိကြချေ။ သေချာတာတစ်ခုကတော့ လင်းဂျင်ရွှမ်က မကြာခဏဆိုသလို ပျောက်‌ပျောက်သွားတတ်ပြီး ဘာမှမဖြစ်ခဲ့သလိုပင်ရွာသို့ပြန်ရောက်လာခဲ့တယ်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Onde as histórias ganham vida. Descobre agora