☘️ Chapter 147 & 148

2.8K 341 5
                                    

☘️ Chapter 147
☘️ Sky-priced wine, calculation of Zeng Shaoqing (1)


ဇန်ရှောင်ချင်၏ 'ပွင့်လင်းမှု' သည် လူတစ်ဦးအား သူ့ဖင်ကိုကန်ရန်စေ့ဆော်မှုရှိလာစေမည်မှာ သေချာသလောက်ပင်။ သူ့မျက်နှာပေါ်ရှိဆိုးညစ်သောအပြုံးကို သူ့ဖင်ဖြင့်တွေးကြည့်လျှင်ပင် တစ်ခုခုကြံ စည်နေမှန်းသိနေလိမ့်မည်။ လင်းဂျင်ရွှမ်သည် သန့် စင်ပြီးမာနကြီးသောမျက်လုံးတစ်စုံဖြင့် သူ့ကိုဖျတ် ခနဲကြည့်လိုက်သည်။ သူ ဆက်ပြီးလှောင်ပြောင်နေတာကိုမြင်လိုက်ရတော့ လင်းဂျင်ရွှမ်လည်း သူ့မျက် ခုံးတွေကိုပင့်တင်လိုက်တယ်။ ဒီကောင်ကတခြားသူတွေကို လေးစားမှုလေးနည်းနည်းလောက်တောင်မပြနိုင်ဘူးလား??

"သခင်လျို့က ကျွန်တော့်ကို ဒီလိုငြီးငွေ့စရာကိစ္စအတွက် ဒီကိုခေါ်ခဲ့တာဆိုရင်တော့ ခွင့်ပြုပါဦး၊ ကျွန်တော့်မှာ လုပ်စရာတွေအများကြီးရှိနေလို့ပါ"

"ဟီးဟီး... မင်း ငါ့ကို အမှန်အတိုင်းမပြောချင်ဘူးလား"

ဇန်ရှောင်ချင်သည် မတ်တပ်ရပ်ခါနီး လင်းဂျင်ရွှမ်ကိုမော့ကြည့်လိုက်ပြီးတော့ ဘေးသို့လှည့်ကာ စားပွဲပေါ်လက်ကိုတင်ပြီး သူ့ခြေထောက်များကိုချိတ်၍ သူ့ပုံစံကိုလုံးလုံးလျားလျားထုတ်ဖော်လိုက်သည်။ အဲဒါက စက်ဆုပ်ရွံရှာဖွယ်ကောင်းပေမယ့် သူလုပ် လိုက်တဲ့ပုံစံကပျင်းရိဖို့ပဲ မွေးဖွားလာသလိုမျိုးကျိးကြောင်းဆီလျော်လွန်းလှသည်။

လင်းဂျင်ရွှမ်သည် ထိုစကားကိုကြားပြီးနောက် ပြန်ထိုင်ကာ သူ့အင်္ကျီလက်များကို တည်ငြိမ်စွာချိန်ညှိကာ သူ့ထက်နိမ့်ကျသောဟန်ပန်အမူအရာဖြင့်

"သခင်လျို့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး မင်းဘာကိုဆိုလိုချင်တယ်ဆိုတာ ငါနားမလည်ဘူး မင်းဘက်က ဆန္ဒရှိရင် ငါတို့ ဆက်လုပ်နိုင်တယ်၊ မင်း ဆက်မလုပ်ချင်ဘူးဆိုရင်လဲ ငါ့ဘက်မှာ အရှုံးမရှိဘူး။ အစားအစာက လူတွေရဲ့ အဓိကလိုအပ်ချက်ပဲ မင်းက ငါ့ဆီက ယိုနဲ့ငါးကို မလိုချင်တော့ဘူးဆိုရင်လည်း တခြားသူကိုရောင်းလိုက်လို့ရတယ်။ ငါ့အတွက် ဈေးကွက်တစ်ခုရှာဖွေဖို့က ဘာပြဿနာမှမရှိဘူး။ ဒါပေမယ့် ငါ့ယိုကြောင့် မင်းဘယ်လောက်အမြတ်ရထားတယ်ဆိုတာ မင်းရှင်းရှင်းလင်းလင်းသိထားရမယ်။ ငါ့ရဲ့ ယိုထောက် ပံ့မှုသာမရှိရင် မင်းက ငါ့ထက်ပိုဒုက္ခရောက်လိမ့်မယ်။ ဒီနေ့ မင်းတို့ဘယ်ကနေမှရှာဝယ်လို့မရတဲ့ ကောင်းတဲ့အရာတစ်ခုကိုတောင် ယူလာခဲ့သေးတယ်"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now