Chapter 83

4K 491 5
                                    

🍁 The Blessed : Chapter 83
🍁 လင်းဂျင်ဟန်

"ဘုရားသခင် အဲ့ဒီ‌ခွေးမ !! သူတို့ ဘယ်လိုတောင် လုပ်နိုင်တာလဲ Boohoo~~ ... "

လင်းချန်းလုံနဲ့ သူ့မိန်းမက အိမ်ပြန်တဲ့လမ်းမှာ လင်းချန်းကိုင်နဲ သူ့မိန်းမကိုတွေ့တယ်။ အမျိုးသမီးလီက ဘာမှမဖြစ်ဟန်ဆောင်ကာ သူတို့ကို အမြဲလို နူးညံ့သိမ်မွေ့စွာ ပြုံးပြလိုက်တယ်။ သူ့သားက သူတို့ကိုမပြောရင် သူ့ကိုယ်သူ သပ်သပ်ရပ်ရပ်နဲ့ ဖြစ်နေတဲ့ သူ့မျက်နှာကို ဆွဲကုတ်လိုက်ချင်သည်။ သူ့မြေးတွေကို အခုဘာမှမဖြစ်သလို ဟန်ဆောင်ပြီး ပြန်ပေးဆွဲသွားတဲ့ အကြင်နာမဲ့ ပြည့်တန်ဆာအိုကြီး။ သူတို့ မိသားစုတစ်ခုလုံးကို သေအောင်သတ် ဖို့ ကြိုးစားနေကြတယ်။

"ဟင့်အင်း မငိုနဲ့ သူတို့ဆီက သတင်းကိုတိတ်တိတ်လေးစောင့်ရအောင်"

လင်းချန်းလုံသည် လမ်းလျှောက်လာရင်း ညင်သာစွာ ပွေ့ဖက်လိုက်ပြီး အနက်ရောင် ပိန်ပိန်ပါးပါး မျက်နှာလေးသည် နောင်တနှင့် အပြစ်များပြည့်နှက်နေသည်။ အားလုံးက သူ့အတွက်မကောင်းဘူး။ မိသားစုမှာ နည်းနည်းသန်မာနိုင်ခဲ့ရင်သူ့သားအကြီး ဆုံးအိမ်က ထွက်သွားတဲ့အခါ မိသားစုကိုခွဲပေးဖို့ တောင်းဆိုခဲ့သင့်တယ်။ ဒီလိုကိစ္စတွေ ဘယ်လိုမျိုး ပြီးသွားခဲ့ပါလိမ့်။ ကလေးတွေ တစ်ခုခုဖြစ်သွားရင် သူ့သားကို ဘယ်လိုရင်ဆိုင်ရမလဲ ??

"Whohoo ~ လုံ သူတို့က ဘာကြောင့် နှလုံးသားမရှိရတာလဲ ? သူတို့ သားလိုချင်ရင် သူတို့ဘာသာကိုယ်ပိုင်မွေးလို့ရတာပဲလေ သူတို့ ဘာကြောင့် ဂျင်ရွှမ်ရဲ့ ကလေးတွေကိုပြန်ပေးဆွဲခံရတာလဲ ?? ~ Woohoo ~"

သူ့ကိုယ်ကို သူ့လက်ထဲကို ဆွဲပစ်သွင်းလိုက်တော့ သခင်မ၀မ်က ပိုလို့တောင် ငိုတော့တယ်။ သူမ မုန်းတယ် !! သူမသည် လင်းမိသားစုတစ်ခုလုံးကို မုန်း တီးမိသည်။ ဒါ​ပေမယ့်​ အဲ့ဒီ အစေခံလို ဟာတွေကို ပိုမုန်းတယ်​။

အိပ်ရာပေါ်တွင် လဲလျောင်းနေသော လင်းဂျင်ဟန် သည် သူ့မိဘများလေးလံစွာငိုယိုကာ လမ်းလျှောက်လာနေသည်ကို မြင်လိုက်ရသဖြင့် ဘာဖြစ်နေမှန်း။  မသိဘဲဖြစ်နေသည်။ ရှိုက်ငိုရင်း ဇာတ်လမ်းတစ်ခုလုံးကို သူ့အမေပြောပြပြီး မဆုံးမချင်း ဖြစ်ပျက်ခဲ့တာကို ရိပ်မိသွားတော့ သူ့မျက်နှာဖြူဖြူက စိုးရိမ်စိတ်တွေနဲ့ ချက်ချင်းဖောင်းပွသွားတယ်။ ဘယ် လောက်ပဲ သူ့ခန္ဓာကိုယ်က ပျော့ညံ့နေပါစေ၊ သူ့ခန္ဓာကိုယ်ကို ဆုပ်ကိုင်ထားပြီး တုန်လှုပ်‌နေသော် လည်းသူတို့ဆီ ရောက်အောင်သွားခဲ့သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now