☘️ Chapter 8

6.8K 877 16
                                    

☘️ Chapter 8
☘️ Catch Fish and Dig Wild Vegetables

ပေါင်မုန့်လုံးနှစ်လုံးအား ရေကူးတတ်အောင် သင် ပေးပြီး‌နောက် ၎င်းတို့ခန္ဓာကိုယ်တစ်ကိုယ်တစ်ခုလုံးနှံ့စပ်အောင်ဆေးကြောပေးပြီး ကိုယ်တိုင်သေချာရေချိုး‌ပေးခဲ့သည်။ ကံကောင်းစွာပင် ၎င်းတို့သည် ချောင်းထဲ၌ ရေချိုးနေကြခြင်းပင်။ အိမ်မှာသာဆိုပါကချိုးပြီးသားရေများသည် ရွှံ့ရေအဖြစ်သို့ပြောင်း လဲသွားပြီး ၎င်းတို့ခန္ဓာကိုယ်မှသန့်စင်သွားသည့်အညစ်အကြေးများသည် အလွှာတစ်ခုဖြစ်လာကာ ရေနုတ်မြောင်းများကိုပင် ပိတ်ဆို့သွားစေနိုင်သည်။ သူ့ခန္ဓာကိုယ်၏မူလပိုင်ရှင် လင်းဂျင်ရွှမ်သည် နှစ်အတော်ကြာနေမကောင်းဖြစ်နေသောကြောင့် ရေပင်မချိုးနိုင်ခဲ့ချေ။

"ဖေဖေ၊ သားတို့ ဒီည ငါးစားကြမှာလား ??"

အကြာကြီးရေချိုးပြီးနောက် တစ်ကိုယ်လုံးနီရဲတတ်လာခဲ့သည်။ လင်းဂျင်ရွှမ်သည် ခါးနားနီးနီးရှိ ဆံပင်များကိုထုံးလိုက်ပြီး အနီးနားတွင် သွားတိုက်ဆေးပင်များ  (သို့) houttuynia cordata (ငါး mint ၊ ငါးရွက်၊ သက်တံပင် ၊ ပုတ်သင်ညိုအပင်၊ နှလုံးရွက်၊ ငါးမုန်ညှင်း သို့မဟုတ် တရုတ်အိမ်မြှောင်အမြီးဟုလည်း လူသိများပါတယ်) (သို့) Houttuynia ကဲ့သို့သော ကုသဆေးနှင့် အကိုက်အခဲပျောက်ဆေးများ ရှိမရှိ ရှာဖွေရန် စီစဉ်ခဲ့သည်။ ပေါင်မုန့်လုံးလေးသည် သူ့ရှေ့သို့ ကူးခတ်သွားပြီး သူ့မျက်လုံးဝိုင်းကြီးများနှင့် သူ့အားရွှန်းလဲ့တောက်ပသောအကြည့်များဖြင့် ရွှန်းရွှန်းစားစားကြည့်နေခဲ့သည်။ လင်းဂျင်ရွှမ်သည် သူ၏နှုတ် ခမ်းသေးသေးဘေးတွင် တွဲလဲခိုနေသော သားရေများရှိနေသည်ကိုတွေ့ရှိခဲ့သည်။  ပြီးနောက် သူ ပြုံးလိုက်သည်။ 'ဒီကောင်​​လေးက​တော့ ​ရေထဲက ငါး​တွေကိုမြင်​​နေရတော့ ​ဗိုက်​ဆာ​သွားတာဖြစ်ရမယ်​။'

"ဖေဖေတို့ ဖမ်းမယ်ဆိုရင် ငါးနဲနဲတော့ရနိုင်တယ်။ ဒါပေမယ့် ရေနက်တဲ့ဘက်ကို မသွားရဘူး၊ ရေတိမ်တဲ့ဘက်တွေမှာပဲ ငါးဖမ်းရမယ်နော်"

လင်းဂျင်ရွှမ်သည် သူ့နဖူးကိုပွတ်နေတတ်တဲ့ မိဘများလိုပင် သူ့လက်ချောင်းများကိုနဖူးကိုထိဖို့ရာ ဆန့်ထုတ်လိုက်သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now