Chapter 73

4.6K 560 0
                                    

🍁The Blessed: Chapter 73
လင်းဂျင်ပန်မှ သတိပေးခြင်း နှင့် အစ်ကိုကြီးပြောတာနားထောင်မယ် (1)

တစ်မိသားစုလုံး ပြဇာတ်ဆန်ဆန်ဖြစ်ပွားပြီးနောက် လင်းဂျင်ရွှမ်သည် တစ်ဖန်ပြန်လည်ကျော်ကြားလာခဲ့သည်။ ကောလာဟလ အမျိုးမျိုးတို့သည်အမှောင် မချမီရွာတွင် ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေသော် လည်း ယခင်ကလင်းဂျင်ရွှမ်ကို မျက်စိစုံမှိတ်ဝေဖန်ခြင်းမျိုးနှင့်မတူဘဲ ယခုတစ်ကြိမ်တွင် လူအများအပြားက လင်းမိသားစုတစ်ခုလုံး၏ မလျော်ကန်မှုအား တိတ်တဆိတ်တီးတိုးပြောဆိုကြသည်။ အထူး သဖြင့် အကျိုးအကြောင်းမသင့်သော အဘွားကြီးဖြစ်သည်။ မကြာခင် လင်းချီရန်က လင်းချန်းလုံထံမှ လင်းဂျင်ရွှမ်အား ဂျုံမှုန့်ဆယ်ဂျင်း၊ ထမင်းဆယ်ဂျင်း၊ ဝက်သားနှစ်ဂျင်းကို ပေးလိုက်ပေမယ့်  အဘွားကြီးက သူ့ချွေးမနဲ့သမီးကို တခြားသူရဲ့နေအိမ်အား ဖောက်ထွင်းဝင်ရောက်ဖို့ ခေါ်ဆောင်လာခဲ့သဖြင့် လူတွေရဲ့ ကဲ့ရဲ့မှုကိုခံလိုက်ရပါတယ်။

လင်းဂျင်ရွှမ်ဘက်တွင် များသောအားဖြင့် မကောင်း ဆိုးဝါး၊ ခွေးကောင် (သို့) အခြားသော ဆဲဆိုစကားများကဲ့သို့စကားလုံးများသည် သူ့နာမည်နှင့်အတူ အမြဲပေါ်လာတတ်သည်။ လွန်ခဲ့သည့်ငါးနှစ်အတွင်း ရွာသားများက သူ့ကို အလိုရှိတိုင်း အနိုင်ကျင့် (သို့) ရိုက်နှက်ဆုံးမကြသည်။ သူ့ကိုကြည့်တဲ့ပုံစံက အမြဲ တမ်းမထီမဲ့မြင် ရှုံ့ချမှုတွေနဲ့ ဖြစ်နေပေမယ့် အဲဒီ့ဖြစ်ရပ်ပြီးနောက်မှာတော့ ရွာသားတွေက သူ့အ ကြောင်းပြန်ပြောကြတဲ့အခါ ကြောက်ရွံ့မှုတွေ သိ သိသာသာ တိုးဝင်လာပါတယ်။ လင်းဂျင်ရွှမ်သည် သူ၏ တတိယဦးလေး၏ဇနီးကို လူရှေ့သူရှေ့တွင် ပါးရိုက်လိုက်ပြီး လင်းမိသားစုတစ်ခုလုံး၏ နှလုံး သားထဲတွင် မဖျောက်ဖျက်နိုင်သော အရိပ်တစ်ခုကို ထားရစ်ခဲ့ပြီး သင်ခန်းစာတစ်ခုသင်ပေးခဲ့သည်။  အထူးသဖြင့် လင်းချန်ဟူသည် လင်းဂျင်ရွှမ်နှင့် မနီးစပ်မီတွင် အရိုက်ခံရပြီးဖြစ်သည်။ မြင်ဖူးသူတိုင်း သတိရတိုင်း သူ့တို့ရင်ထဲမှာ တုန်လှုပ်သွားလိမ့်မယ်။ သူတို့စိတ်ထဲတွင်တော့ သူသည် နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်းသေချာနေသော်လည်း ထိုအချိန်မှစ၍ သူ့ကိုနောက်တစ်ကြိမ် အနိုင်ကျင့်ရန်မပြုဝံ့တော့ပေ။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now