Chapter 86

4K 515 6
                                    

Chapter 86
ထိုညတွင် သူ၏သားများကို ရှာဖွေခြင်း (3)

"ငါ မသိခဲ့ဘူး.. ဂျင်ဝေက မင်းဆီကနေခွင့်ပြု ချက်ရသွားပြီလို့ ငါထင်ခဲ့တာ ငါတောင်းပန်ပါတယ် ငါ့သမီးကို ကယ်ပေးပါ"

သူ့သမီးလေး နာကျင်လာတာနဲ့အမျှ သူ့မျက်နှာဟာ ပြင်းထန်တဲ့ အသက်ရှူကြပ်မှုကြောင့် အနီရောင်ပြောင်းသွားတာကိုကြည့်ပြီး ဆိုင်ရှင်ကျောက်က သူ့မျက်လုံးထဲမှာ မျက်ရည်တွေတောင် ထွက်နေပြီး အသံက ဆူညံနေပါတယ်။ ဒါတုန်မြို့တွင် သူသည် ကြီးကျယ်သော ရုပ်ရည်အသွင်ဆောင်နိုင်သော် လည်း ယနေ့ သူ့သားမက်၏ မိုက်မဲမှုကြောင့် တစ်စုံ တစ်ယောက်ကို တောင်းပန်ရန်ဒူးထောက်ခဲ့ရသည်။  စိတ်ထဲတွင်တော့ သားမက်အပေါ် မကျေမနပ်ဖြစ်နေမိပြန်သည်။

၎င်းကိုသူတကယ်သတိမထားမိပုံရပြီး လင်းဂျင်ရွှမ်ကမျက်ခုံးပင့်လိုက်သည်။ ခဏအကြာတွင် သူ့ရင် ဘတ်မှ အညိုရောင်ဆေးပြားနှစ်ပြားကို ထုတ်ယူလိုက်သည်။

"သူတို့ကိုယူပြီး ရေနွေးနွေးလေးနဲ့ တိုက်လိုက် မြန်မြန်ပြန်ကောင်းလာလိမ့်မယ်"

သူစိတ်ပြောင်းသွားတယ်။ သူသည် လင်းဂျင်းဝေ၏ အသက်ကိုမလိုချင်ပါ။ သူ ဒုက္ခပဲပေးချင်နေသည်!!

"မြန်မြန် ရေသောက်မြန်မြန်..."

ဆေးပြားကို လက်ခံယူပြီး ဆိုင်ရှင်ကျောက်က ရူးသွပ်စွာအော်ဟစ်လိုက်ပြီး အဲဒီ့မှာ အေးခဲနေတဲ့ အဲဒီအစေအပါးတွေက အလုပ်တွေကိုအလျင်စလို လုပ်ကြပြီး တချို့က ရေကိုယူကြပြီး တချို့က တခြားပစ္စည်းတွေကို ပြင်ဆင်ကြပါတယ်။ လင်းဂျင်ရွှမ်က သူတို့ အလုပ်ရှုပ်နေတာကို ဂရုမစိုက်ဘဲ ကြည့်နေတယ်။  အစေခံတစ်ယောက်က လင်းဂျင်ဝေ ရဲ့ ပါးစပ်ကို ဆေးပြားတွေ ပေးလိုက်တဲ့အခါ ဘယ်သူမှ သတိမထားမိဘဲ အခွင့်ကောင်းယူပြီး လင်းဂျင်ရွှမ်က သူ့လက်ကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်ပြီး သူ့သွေးခုန်နှုန်းကို ခံစားရဖို့ လက်နှစ်ချောင်းကို တင်လိုက်တယ်။ ခဏကြာတော့ ထူးဆန်းသော အပြုံးတစ်ခု သူ့မျက်နှာပေါ်သို့ တိုးဝင်လာသည်။ အရာတွေက ပိုရယ်စရာကောင်းလာတယ် !

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now