Chapter - 16 မိသားစုနှောင်ကြိုး

6.1K 893 13
                                    


အခန်း (၁၆)

သခင်မ၀မ် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ လင်းချန်းလုံရောက်လာခဲ့တယ်။ သူသည် လယ်သမားမိသားစုမှ စာပေသမားတစ်ယောက်ဟု ဆိုရသည်မှာ ကြည်နူးစရာကောင်းသည်။ တကယ်တော့ စာအုပ်အနည်းငယ်ဖတ်ပြီး ထွန်ယက်သူသာဖြစ်သည်။ လင်းချန်းလုံသည် မိသားစုတွင် ဒုတိယသားဖြစ်ပြီး အစ်ကိုကြီးတစ်ဦးနှင့် ညီငယ်တစ်ဦးရှိသည်။  မိသားစုတွင်း သူ့အခြေအနေက နည်းနည်းတော့ အဆင်မပြေသလို သူ့သားတွေလည်း အသုံးမဝင်တဲ့အတွက် လင်မယားနှစ်ယောက်လုံးကို သူ့တို့က မျက်နှာသာမပေးဘဲ လယ်ယာအလုပ်အကုန်နီးပါးလုပ်ခိုင်းခဲ့တယ်။ ၎င်းသည် အသက် 30 သာရှိသေးသော်လည်း အသက် 40 (သို့) 50 အရွယ် ကဲ့သို့ဖြစ်နေပြီး အသားအရေညိုမဲ၍ ပိန်လှီကာ အနည်းငယ်ခါးကိုင်းလို့နေခဲ့သည်....

"ဖေဖေ... ဖေဖေ့ကိုခက်ခဲစေမိပြီ ငါးရောင်းပြီးရင် စျေးမှာပိုက်ကွန်ရောင်းတဲ့နေရာရှိမရှိ ကျွန်တော့်ကိုကူကြည့်ခဲ့ပေးပါဦး ငါးတွေများတဲ့နေရာကို ရှာတွေ့ပေမယ့် ရေကအရမ်းနက်တော့ ပိုက်ကွန်နဲ့မှ ဖမ်းလို့ရမှာမို့လို့ပါ"

ပိန်ပိန်ပါးပါး လူတစ်ယောက်ကို ကြည့်ပြီး လင်းဂျင်ရွှမ်က ပြုံးပြီးပြောလိုက်သည်။ သူ့မျက်လုံးတွေကနေ စိတ်လှုပ်ရှားမှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေကိုမြင်လိုက်ရတယ်။ ယခုအချိန်အထိ သူ့မိဘနှစ်ပါးစလုံးသည် စိတ်ရင်းမှန်သူများဖြစ်ပုံရသည်။ ထိုကဲ့သို့သော "အရှက်ကွဲ‌စေသောသား" ဖြစ်တဲ့ သူ့အတွက် တတ်နိုင်သမျှ ကြိုးစားကူညီကြပြီး နှလုံးသားထဲမှ ဝမ်းနည်းမှုကိုပင် ခံစားနေကြရပါသည်။ ယခုဆိုလျှင် လင်းဂျင်ရွှမ်သည် များစွာစိတ်သက်သာရာ   ရသွားခဲ့သည်။ ရှေးခေတ်လူအများစုက သားသမီး ၀တ္တရားအပေါ် ဖိအားပေးလေ့ရှိကြသည်။ ထိုကဲ့သို့ ယုတ္တိမရှိသောမိဘမျိုးနှင့် သူတကယ်မတွေ့ချင်ပါ။

လင်းဂျင်ရွှမ်ကိုယ်တိုင်အတွက်ကတော့ သူ့မိဘတွေက ဘယ်လိုလူလဲဆိုတာ အရေးမကြီးပါဘူး။ သူတို့ဘက်ကကောင်းရင် သူဘက်ကလည်း အသိအမှတ် ပြုရလိမ့်မယ် ဒီလိုမှမဟုတ်ရင်တော့ သူစိမ်းတွေအ‌နေနဲ့ပဲ မှတ်ယူလိုက်မှာဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ သူ့ထံ ထိန်းသိမ်းရန်အတွက် ဂုဏ်သတင်းမရှိပေ။ ဒါပေမယ့် လက်ရှိမှာ သူ့သားနှစ်ယောက်အတွက် စဉ်းစားနေရတယ်။ သူ့မှာပိုက်ဆံရှိတဲ့အခါ အိမ်ကနေကျောင်းကို စာသင်ဖို့ပို့ပေးရမယ်။ အကယ်၍ တစ်ခြားလူများက သူတို့ထံ တာ၀န်မကျေတဲ့ဖခင်ရှိမှန်းသိလျှင် ရှက်လည်းရှက်နိုင်ပြီး ကျောင်း၌ ခေါင်းထောင်နိုင်မည်မဟုတ်‌ပေ။  ဒါကြောင့် သူ့မိဘနှစ်ပါးစလုံးက လူကောင်းတွေဆိုတာ သိပြီးတဲ့နောက်မှာတော့ သူစိတ်သက် သာရာရသွားခဲ့တယ်။ 

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now