Chapter 127

3.3K 485 8
                                    

Chapter 127
ခွေးကိုက်ခံရခြင်း (၁)

ရန်ရှန်းလွေ့သည် သူ၏သားငယ်နှင့် 'ဖုံးကွယ်ခားခြင်းမရှိပဲစကားပြောခြင်း' ပြုလုပ်နေချိန်တွင် လင်းဂျင်ရွှမ်သည် နံနက်ခင်းတွင် လင်းဂျင်ဟန်၏ နုတ်မှဖြစ်ပျက်ခဲ့သည်များကို သိရှိခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း လင်းမိသားစုဟောင်းသည် လင်းချန်လုံကို တစ်ယောက်တည်းပြန်လာရန် တောင်းဆိုဆဲဖြစ်ပြီး ၎င်းတို့နှင့်ထပ်မံပူးပေါင်းရန်သူ့ကိုဆွဲဆောင်ရန်ကြိုးစားနေပုံရသည်။ ဤအတွက်ကြောင့် လင်းဂျင်ရွှမ်သည် ပါးစပ်အကြောဆွဲရုံသာရှိသည်။ သူထင်တာမှန်ရင် အကြီးအကဲရဲ့ဇနီးရဲ့ မြေးမိုက်ကို သူ့တို့အား လှည့်စားသည်ဖြစ်စေ ခွင့်ပြုပေးလိုက်တာလည်ဖြစ်သင့်သည်။

နေ့ခင်းပိုင်းတွင် ဆုန်းချွေ့လင်းအား သူ့အဖွားကို အိမ်ပြန်ပို့ခွင့်ပြုပြီးနောက် လင်းဂျင်ရွှမ်သည် လင်းဂျင်ပန်၊ ကျောက်ဒါလောင်တို့နှင့်အတူ ကြွေချပ်များ မြေအုပ်များသွားမယူသွားဘဲ ပင်ပန်းလွန်းသည်ဟုပြောကာ ရန်ရှန်းလွေ့နှင့်အတူ မြေအောက်ခန်းတွင် ဒီနေ့ဝယ်ခဲ့တဲ့ဆေးတွေဖော်စပ်ရန်ပုန်းနေခဲ့သည်။

"မင်း ပေါ့ပါးတဲ့ကျွမ်းကျင်မှုကို အသုံးချသင့်တယ်မဟုတ်လား ? မင်း အခု သုံးလို့ရလား"

အဆိပ်ထုတ်ခြင်းသည် လင်းဂျင်ရွှမ်အတွက်လွယ် ကူသော ထမင်းစားရေသောက်ကဲ့သို့ပင်။ မကြာခင်မှာအားလုံးပြီးသွားခဲ့သည်။ ထို့နောက် သူသည်ရင် ဘတ်ရှေ့တွင် လက်နှစ်ဖက်ဖြင့် နံရံကိုမှီနေသော ရန်ရှန်းလွေ့ကို လှည့်ကြည့်လိုက်သည်။ အနည်းငယ် ချောမွေ့လာသော ထိုမျက်နှာ၌ လျစ်လျူရှုပြီးသိမ် မွေ့သော ခံစားချက်အစိတ်အပိုင်းများဖြင့် စွန်းထင်းနေခဲ့သည်။ လင်းမိသားစုက သူတို့ကိုဆက်ပြီးတွန်း အား‌ပေးနေခဲ့တယ်ဆိုရင် သူ့ရဲ့ရက်စက်မှုကိုအပြစ်မတင်နဲ့။

"အဲဒါက မင်းဘာလုပ်ချင်သလဲဆိုတဲ့အပေါ်မှာမူ တည်တယ်။ တစ်ယောက်ယောက်ရြ့ အခန်းထဲကို ခိုး၀င်ပြီး နံရံကိုကျော်တက်ခြင်းလိုမျိုး ရိုးရှင်းရင်ပြဿနာ မဟုတ်ဘူး။ ဒါပေမယ့်လူတွေကိုသတ်တာ လုယက်တာ၊ ဒါမှမဟုတ် တိရစ္ဆာန်တချို့ကိုအမဲလိုက်တာမျိုးတွေက ငါ့အတွက်နည်းနည်းတော့ခက်လိမ့်မယ်။ ဂျင်ရွှမ် ဒီတော့ မင်းငါ့ကိုဘာလုပ်စေချင်တာလဲ"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now