Chapter 25 ပိုက်ဆံသုံးတာက သူ့အသားကို ဖြတ်တာနဲ့တူတယ် (1)

5.9K 761 3
                                    

Chapter 25
ပိုက်ဆံသုံးတာက သူ့အသားကို ဖြတ်တာနဲ့တူတယ် (1)

"ဂျင်ရွှမ်၊ မင်းလူကို ဘယ်လိုပြန်ခေါ်လာခဲ့တာလဲ"

ညီငယ်လင်းဂျင်ပင်းရဲ့အကူအညီနဲ့ ညီအစ်ကိုနှစ်ယောက်ဟာ ရှိသမျှအားတွေ အကုန်သုံးပြီး နောက် ဆုံးတော့ အဲဒီလူကို အိမ်ပြန်ခေါ်လာခဲ့လိုက်နိုင်တယ်။ ဒီလူဟာ သူ့ခန္ဓာကိုယ်အနှံ့ဒဏ်ရာတွေနဲ့ ပြည့်နေပေမယ့် အားလုံးလိုလို ဒဏ်ရာမနက်တဲ့အတွက် ဝံပုလွေနဲ့ တိုက်ခိုက်ထားတဲ့အတွက် ခြစ်ရာတွေကရှိသင့်ပါတယ်။ သေစေနိုင်တဲ့ တစ်ခုတည်းသော ဒဏ်ရာကတော့ ဦးခေါင်းက အဖုအထစ်ပါပဲ လင်းဂျင်ရွှမ်သည် ဒဏ်ရာကို ကြိတ်ချေထားသော Herba Agrimoniae ဖြင့် သုတ်လိမ်းပေးပြီး သွေးထွက်ခြင်းကို ရပ်တန့်စေခဲ့ပြီးနောက် အဝတ်ဖြင့်ပတ်ကာ အခြားဒဏ်ရာများကို အသီးသီးဆေးထည့် ပေး၍ ပြုစုပေးခဲ့သည်။ ဂျင်ရွှမ်သည် လူတစ်ဦးကို ကယ်တင်ခဲ့ကြောင်း လင်းချန်လုံ နှင့်ဇနီးဖြစ်သူ ကြားသောအခါတွင် ၎င်းတို့သည် လက်ရှိလုပ်လက် စအလုပ်များကို ချန်ထားရစ်ကာ အလျင်အမြန်အ ပြေးအလွှားရောက်ချလာကြသည်။ခြံထဲကိုမရောက် ခင် ၎င်းတို့အသံက အရင်ဝင်ရောက်လာခဲ့သည်.....

"ကျွန်တော့်ကို ဘာမှမမေးနဲ့ ဒီပေါင်မုန့်လုံးနှစ်လုံးက အဲ့လူကိုကယ်ပေးဖို့ အတင်းပြောကြတယ်လေ"

ခြံထဲမှာ ဆေးဖက်ဝင်အပင်တွေကို ကိုင်တွယ်နေတဲ့ လင်းဂျင်ရွှမ်က သူ့ပုခုံးကို တွန့်ပြပြီးတာဝန်အားလုံးကို ပေါင်မုန့်လုံးနှစ်လုံးဆီ ပြတ်ပြတ်သားသားလွှဲချလိုက်တယ်။

"မင်း...ကြည့်စမ်း...သူတို့ကဘာသိမှာလဲ"

၎င်းအား မညှာမတာစိုက်ကြည့်ရင်း သခင်မ၀မ်က သူကိုကျော်ဖြတ်ပြီးအထဲကို ၀င်သွားခါနီးမှာ လင်းဂျင်ရွှမ်က သခင်မ၀မ်ရှေ့မှာ ဖြတ်ပြီးရပ်လိုက်ကာ

"အမေ အထဲမှာကြည့်စရာ ဘာမှရှိဘူး၊ သူက အခုမေ့မြောနေတယ်၊ သူနိုးလာရင် သူ့ကိုပြန်လွှတ်လိုက် မှာပါ ဟုတ်ပြီလား ?"

"ငါ သူ့ကို တစ်ချက်စစ်ဆေးကြည့်ချင်တယ်၊ ဂျင်ပင်းပြောတာ သူ့အခြေအနေကအတော်လေး ဆိုးနေတယ်ဆို၊ အကယ်၍များ သူက မင်းဆီမှာ သေသွားခဲ့ရင်......."

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Tempat cerita menjadi hidup. Temukan sekarang