𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟗𝟏

4.2K 492 3
                                    

☘️ Chapter 91
☘️ နောက်ဆုံး သူတို့မိသားစုလေးပြည့်စုံသွားပြီ (၂)

"ကြည့်လို့မ၀သေးဘူးလား ? ကြည့်လို့၀ရင်သွားလှဲ ပြီးနားနေတော့"

နောက်ဆုံးတွင်သူသည်တစ်စုံတစ်ယောက်၏ နွေးထွေးသော အကြည့်ကို မခံမရပ်နိုင်ဖြစ်ပြီး လင်းဂျင်ရွှမ်သည် သူ့အား မျက်လုံးလှန်ပြခဲ့သည်။ ဒဏ်ရာရသူသည် လူနာတစ်ဦးကဲ့သို့ နေသင့်သည်။ မနက်စောစောမှာ သူ့လိုအရူးထတာ ဘယ်သူရှိလို့လဲ ??

"မလုံလောက်ဘူး၊ ဘယ်တော့မှ မလုံလောက်ဘူး"

လင်းမိသားစုကို မျက်နှာချင်းဆိုင်သောအခါတွင် ကြီးကျယ်ခမ်းနားသောတည်ရှိမှုဖြင့် သုတ်သင်ပယ်ရှင်းလိုက်ခဲ့သည့် ရန်ရှန်းလွေ့သည် သူ့မျက်နှာပေါ်တွင် လူဆိုးဟူသော စကားလုံးဖြင့် ရေးထားသောမျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားကာ လင်းဂျင်ရွှမ်၏ သေးသွယ်သော ခန္ဓာကိုယ်အား တောက်ပနေသော ကျားမျက်လုံးတစ်စုံဖြင့် ကြည့်နေခဲ့ပြီး

"ဖူးးးး... တောင်းပန်ပါတယ်... တောင်းပန်ပါတယ် မင်းတို့ ငါ့ကို လျစ်လျူရှုပြီး ဆက်လုပ်ကြပါ"

လင်းဂျင်ရွှမ်သည် ခေါင်းထဲတွင် ဗလာဖြစ်သွားပြီး သူ့စကားကြောင့် ထိုနေရာတွင် ယာဂုစားနေသော လင်းဂျင်ပန်သည် ထိတ်လန့်သွားကာ သူ့ကိုယ်သူ လည်ပင်းညစ်လုနီးပါး ဖြစ်သွားသည်။ အသံကျယ်ကျယ်မရယ်မိဖို့ သူဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာကောင်းကင်ပဲ သိတယ်။ ဒါနဲ့ မနေ့ကသူထွက်သွားပြီးတြ့နောက် ဘာဖြစ်သွားတာလဲ? သူ့အစ်ကိုကြီးနဲ့ အဲဒီလူက ဘာလို့ သူတို့ရဲ့ ဆက်သွယ်မှုပုံစံကို ရုတ်ချည်း ပြောင်းလဲသွားတာလဲ။ ဒါက တကယ်လက်ခံဖို့ခက်တယ်မဟုတ်လား ?

"ဦးလေး မင်းကရူးသွပ်နေတာလား ? ဘယ်လိုလုပ်ပြီးယာဂုကို သီးရတာလဲ"

ထိုလူကြီးများကို သတိမထားမိဘဲ လင်းကျင်းဝူက သူ့ပါးစပ်ကို ဖုံးကာ ရယ်မောကာ လင်းကျင်းပန် ဆို့နင့်သွားသည်ကို မြင်လိုက်ရသည့် အနက်ရောင် မျက်လုံးတစ်စုံနှင့် လင်း၀မ်သည် စိတ်အနှောက်အယှက်ဖြစ်မနေဘဲ ပြုံးနေလေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ငယ်သေး၍ ထိုလူကြီးများ၏ အဓိပ္ပါယ်ကို မသိသေးဘဲ ထိုသံသယမျက်လုံးတစ်စုံနှင့် လှည့်ပတ်ကြည့်ရုံမျှသာဖြစ်သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now