☘️ Chapter 144

2.9K 343 11
                                    

☘️ Chapter 144
☘️ They Were Lover ? Then I Got To See Him For Sure! (1)

"သခင်လေး လူငယ်လေးလင်းကတကယ်ကို လယ် သမားမိသားစုမှာမွေးဖွားခဲ့ပေမယ့် အသက် 13 နှစ်နဲ့ Tóng Shēng ဝင်ခွင့်စာမေးပွဲကို အောင်မြင်ထားတားပါ။ လယ်သမားမိသားစုအတွက်တော့ သူက တော်တော်လေးကိုထူးချွန်နေပါပြီ။"

လင်းဂျင်ရွှမ်အကြောင်းကို ရုတ်တရက်မေးလိုက်သည်နှင့် ဘာကြောင့်မှန်းမသိ၊ ဆိုင်ရှင်ကျန့်က သူ့ကိုဂရုတစိုက်ကြည့်ကာ မျက်လုံးများကိုတတ်နိုင်သမျှငုံ့ကာ တတ်နိုင်သမျှချောမောစွာပြောရန်သာ ရွေးလိုက်သည်။ ဇန်ရှောင်ချင်က သူ့ကိုယ်သူပြုံးပြီး ရေရွတ်ရင်း

"ရေခဲတုံးတွေက ရှားပါးတဲ့ဟာမဟုတ်ပေမယ့် အဲဒီလို အသေးစားမိသားစုတွေအတွက်က သိမ်းဆည်းရတာမလွယ်ဘူး။ လယ်သမားတစ်ယောက်က အဲ့တာကိုစားသုံးဖို့တောင် တွေးတောနိုင်တယ်။ ဒါတကယ့်ကို အရည်အချင်းတစ်ခုဖြစ်နိုင်တယ်။"

မည်သူမျှသတိမထားမိသော မှတ်ချက်တစ်ခုအနေ ဖြင့် မှတ်သားလိုက်သည်။ ဇန်ရှောင်ချင်သည် မည်သည့်အရာကိုမျှ ဂရုမစိုက်ပုံရပြီးသူ့စကား၏ပါးနပ် မှုမှာ တစ်မျိုးတစ်မည်ဖြစ်နေခဲ့သည်။ ဆိုင်ရှင်ကျန့်သည် သူ့နဖူးတစ်ပြင်လုံးတွင် ချွေးများအေးစက်နေသည်ကိုသာ ခံစားလိုက်ရပြီး သူဌေးဘာလိုချင်သည်ကိုသာပို၍စိတ်ရှုပ်လာသည်။

"သူ့နာမည်က ဘာတဲ့လဲ"

သူ့ပေါင်ကိုကိုင်ထားသည့် လက်တစ်ဖက်ပေါ်တွင် ခေါင်းကိုငြိမ်ငြိမ်ထားပြီး၊ ဇန်ရှောင်ချင်သည် ဆိုင် ရှင်ကျန့်၏ ထိတ်လန့်မှုကိုပြုံးကာသဘောကျပြီး ထိုမြေခွေးမျက်လုံးတစ်စုံ၏ နက်နဲသောစိတ်ဝင်စား လှည့်စားမှုဖြင့်သာပြုံးနေခဲ့သည်။ အထောက်အ ထားကွာဟနေရုံသာမက သူ့ရှေ့တွင်အရည်အချင်းရှိသော ဆိုင်ရှင်ကျန့်သည် နုံအသောကလေးတစ်ယောက်လိုဖြစ်နေသည်မှာထင်ရှားသည်။ ၎င်းတို့ သည် တူညီသောစာမျက်နှာတွင်လုံးဝမရှိခဲ့ပေ...

"လင်းဂျင်ရွှမ်ပါ"

ဆိုင်ရှင်ကျန့်က သူ့ကို ခွဲခြားပြီးပြန်ဖြေတဲ့အပြင် ဘာပြောရမှန်းတောင်မသိတော့ဘူး။ ဤသခင်၏ ဒေါသကို သူသည်အမှန်ပင်အနည်းငယ်စိတ်ရှုပ်နေမိသည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now