Chapter 110

3.8K 463 2
                                    

☘️ Chapter 110
တိရစ္ဆာန်များဝယ်ရန်သွားခြင်း ၊ သူကယ်တင်ခဲ့သောသူနှင့် ဆုံတွေ့ခြင်း (၂)

"ကောင်းပြီ လူငယ်လေးလင်း ငါတို့သွားပြီးတော့ ရထားလုံးနဲ့ နွားကို သွားကြည့်မလား"

လင်းဂျင်ပန်နှင့် အလုပ်သမားတို့ ရထားလုံးသည် ဂိတ်အပြင်ဘက်သို့ မောင်းထွက်ပြီးနောက် အာမခံသူလျူက ထရပ်ကာ လင်းဂျင်ရွှမ်နှင့်အခြားသူများကို ၎င်း၏ အိမ်နောက်ဖေးသို့ ခေါ်ဆောင်သွားခဲ့သည်။ ဆိုင်ရှေ့က မြင်နေရတော့ ဆိုင်က မကြီးပေ။  သို့သော် အိမ်နောက်ဖေးသည် အလွန်ကျယ်သည်။ နှစ်ပိုင်းခွဲထားသည့်အပြင် လက်ဝဲဘက်တွင် မြင်းများ၊ ဆိတ်၊ နွားများနှင့် အခြားတိရစ္ဆာန်များပါရှိသည့် ရှည်လျားသော မွေးမြူရေးတဲတန်းကြီးဖြစ်ပြီး၊ လက်ယာဘက်တွင် လူများသွားလာနေသည်ကို ကြားနိုင်သော အခန်းတန်းတစ်ခုဖြစ်သည်။ ဒါကြောင့် သူတို့ကို ရောင်းဖို့အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ကံကောင်းရင် သူတို့ကို ကျွန်ဒါမှမဟုတ် အိမ်ဖော် အဖြစ်မိသားစုကြီးတွေမှာ ရောင်းစားခံရလိမ့်မည်။ သို့သော် ကံမကောင်းပါက၊ ဆောင်ကြာမြိုင်လို နေရာမျိုးမှာ ရောင်းစားခံရလိမ့်မည်။ ပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့ ချမ်းသာတဲ့ မိသားစုတချို့အတွက်၊ သူတို့ဟာ ကျွန်တွေ ဒါမှမဟုတ် အိမ်ဖော်တွေကို ဝယ်ဖို့တောင်းဆိုခဲ့ကြပေမယ့် တကယ်တမ်း ဝယ်ပြီးရင် သူတို့ကိုအဆိပ်ခတ်သတ်ပစ်တာ ဒါမှမဟုတ် သေသွားတဲ့သူတွေအတွက် သင်္ဂြိုဟ်တဲ့ ပစ္စည်းတွေအဖြစ် အရှင်လတ်လတ်မြှုပ်နှံထားကြသည်။ လူ့အခွင့်အရေးကင်းမဲ့တဲ့ ခေတ်ကြီးမှာ ဆင်းရဲသားတွေရဲ့ ဘဝတွေကစျေးပေါပါသည်။

သို့သော်လည်း လင်းဂျင်ရွှမ်သည် ဘာမှမတတ်နိုင်၊ သူတော်စင်မဟုတ်ပေ ၎င်းတို့အားလုံးကို မကယ် တင်နိုင်ခဲ့ပေ။

"ကျေးဇူးရှင်! မှော်သမားတော် !"

သူတို့ ဘယ်ဘက်သို့ လှည့်ခါနီးတွင် လန့်ဖျပ်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ၎င်းတို့ မတုံ့ပြန်မီ နောက်တစ်စက္ကန့်တွင် အသက်သုံးဆယ်မှ လေးဆယ်ခန့် တင်းမာသော အမျိုး သားတစ်ဦးက လင်းဂျင်ရွှမ်ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now