Chapter 27 ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ခြင်း ၊ မင်းဘယ်သူလဲ ?

6K 823 7
                                    

Chapter 27
ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ခြင်း ၊ မင်းဘယ်သူလဲ ? 

"ဟန်ဆောင်တာကို ရပ်လိုက်။ မင်းနိုးနေပြီဆိုတာ ငါသိတယ်"

ထိုလူကို ဆေးလဲဖို့ကူညီပေးပြီးနောက် လင်းဂျင်ရွှမ် က ဘေးမှာရပ်ပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်နေခဲ့တယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းနဲ့ ကောက် ရိုးပေါ်မှာ လဲလျောင်းနေတဲ့ အမျိုးသားက Mr. Muscle လိုမျိုးမဟုတ်ဘဲ အရမ်းသန်မာတဲ့ပုံပေါက်ပေမယ့် ကျန်းမာပြီးဆွဲဆောင်မှုရှိတဲ့ပုံစံမျိုး ၊ သူ့ကြွက်သားတွေက တစ်လက်မတိုင်းလိုလို ချောမွေ့နေပြီး ဓားနဲ့ထွင်းထားတဲ့ အသွင်အပြင်အတိုင်းပဲ ၊ ဒီလူက အရမ်း Sexy ကျပြီး ချစ်ဖို့ကောင်းတယ်... ၎င်းကမျက်လုံးတွေမှိတ်ထားရင်တောင်မှပဲ အမျိုး သမီးတိုင်းရဲ့နှလုံးသားကို အလွယ်တကူဖမ်းယူနိုင်ပါသေးတယ်။ သူနှင့် မူလပိုင်ရှင်ကြားတွင် ဤမျှရုပ်ဆိုးသည့်အရာသာ မဖြစ်ခဲ့လျှင် သူသည်လည်း ၎င်း၏ သွေးဆောင်ခြင်းကိုခံရပေလိမ့်မည်။ ဘယ် လိုပဲဖြစ်ဖြစ် လှပတဲ့အရာတွေကို ဘယ်သူမှ မငြင်းနိုင်ဘူး မဟုတ်လား။ 

" မင်း ဘယ်သူလဲ ? "

၎င်း မျက်လုံးဖွင့်လိုက်သည် မက်မွန်ပွင့်လိုနက် မှောင်‌နေသော မျက်လုံးများသည် တောက်ပနေခဲ့ပြီး သွေးအလွန်အကျွံထွက်ထားခြင်းကြောင့် မျက်နှာ ဖျော့ဖျော့သည်ပင် သူ့မျက်လုံးအောက်တွင် ၎င်း၏ စူးရှထက်မြက်မှုကို မလျော့ပါးသွား‌စေခဲ့ပါ။ လင်းဂျင်ရွှမ်က ဝီစီကို မတတ်နိုင်။ ထိုမျက်လုံးတစ်စုံကြောင့် သူ၏ချောမောသောမျက်နှာကို အပိုအမှတ်များပေးရသည်မှာ သေချာသလောက်ပင်။ ၎င်းတို့ရဲ့ တန်ဆာဆင်ထားမှုအောက်မှာ ဒီလူရဲ့ အရှိန် အဟုန်က သိသိသာသာပြောင်းလဲသွားခဲ့တယ်၊ သန်မာတယ်၊ လွှမ်းမိုးနိုင်ပြီး အထက်တန်းလွှာ အ‌
ငွေ့အသက်ရှိတယ်။ 

"မင်း ငါ့ကိုမမေးခင် မင်းကို နာမည်ပေးသင့်လား ဒါမှမဟုတ် မင်းအသက်ကိုကယ်ခဲ့တဲ့သူတစ်ယောက်ကို မင်းဆက်ဆံတဲ့ပုံစံလား "

သူ့ရဲ့ ကျက်သရေရှိမှုကြောင့် အံ့သြသွားပေမယ့် လင်းဂျင်ရွှမ်က သူဘယ်လောက်ရက်စက်ပြီး သွေး အေးတယ်ဆိုတာမမေ့ခဲ့ဘူး၊  အဝေးကသာ တန်ဖိုးထားနိုင်ပေမယ့်.. တောက်ပနေသော အနက်ရောင်မျက်လုံးများထံ ရှုပ်ထွေးမှု အခိုက်အတန့်တစ်ခုဖြစ်ပြီး ပင်လယ်ကဲ့သို့ နက်ရှိုင်းစွာ တောက်ပလာကာ ထိုလူက သူ့မေးခွန်းကိုမဖြေဘဲ မလှုပ်မယှက်သာ စိုက်ကြည့်နေခဲ့သည်။ သူ့နာမည်အပါအဝင် အရာအားလုံးကို မေ့သွားပြီလို့ ခေါင်းလွတ်က ပြောပေမယ့် မနေ့ကစကားဝိုင်းအား ကြားထားလိုက်တဲ့အတွက် သူ့ကယ်တင်ရှင်လို့ ပြောလိုက်တဲ့ ဒီပိန်ပိန်ပါးပါးနဲ့ ဖော်ရွေတဲ့လူနဲ့ သူက ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ဆိုတာ သူသိတယ်။ 

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now