☘️ Chapter 5

7.6K 1K 9
                                    

☘️ Chapter 5
☘️ Beating up the Shrew & Education The Two Buns (2)

ဒါကိုမြင်တော့ ဆန့်ကျင်ဘက်မှာရှိ‌နေတဲ့ပေါင်မုန့်လုံးလေးက လက်ကလေးနှစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး သူ့ဖေဖေပေါ်မှီချလိုက်တယ် လင်းဂျင်ရွှမ် လက်ကိုမြှောက်လိုက်ပြီး ငိုနေတဲ့ကလေးနှစ်ယောက်ကိုပွေ့ဖက်ကာ ပွေ့ချီထားလိုက်သည်။ လင်းဂျင်ရွှမ်က သူ့ကိုယ်သူ တိတ်တဆိတ်ကျိန် ဆိုလိုက်သည်။ ဒါ နောက်ဆုံးအကြိမ်ပဲဖြစ်ရမယ် ၊ သူ့သားသမီးတွေကို တခြားလူတွေ ဘယ်တော့မှအနိုင်ကျင့်ခွင့်မပြုနိုင်ဘူး။

တစ်နာရီမပြည့်မှီတွင် လင်းဂျင်ရွှမ်သည် ၎င်း၏ လက်ရှိအ‌နေအထားကို လက်ခံနိုင်ရုံသာမက ပေါင်မုန့်လုံးလေးနှစ်လုံးကိုလည်း ၎င်း၏သားအရင်းများအဖြစ် စိတ်ထဲမှတ်ယူထားခဲ့သည်။

"ခွေးကောင်၊ အရှက်မရှိတဲ့မကောင်းဆိုးဝါးကောင် ၊ နင် လုပ်ရဲတယ်ပေါ့လေ"

တွန်းဖယ်ခံရတဲ့အမျိုးသမီးက သူ့အာရုံကို ရောက်သွားခဲ့တယ်။ အဆိုပါ မိန်းမကြီးက ခါးထောက်၍ ထိုသားအဖကို လက်ညှိုးထိုးကာ လွန်စွာအောက်တန်းကျပြီး ရက်စက်ကြမ်းကြုတ်သောစကားများဖြင့် ဆဲဆိုနေခဲ့သည်။ သူ့ဘေးနားကပါလာတဲ့ ဆယ်ကျော်သက်လေး‌ကလည်း သူတို့ကို မထီမဲ့မြင်ပြုကာကြည့်နေလေသည်။ လင်းဂျင်ရွှမ်၏ရင်ခွင်ထဲတွင် နှစ်မြှုပ်နေသည့် ပေါင်မုန့်လုံးလေးများက ငိုနေခဲ့ကြသည်။ လင်း ၀မ်သည် လင်း၀ူ၏မျက်ရည်များကို သုတ်ပေး လိုက်ပြီး သူ့ဖေဖေကိုကူညီရန် အဆင်သင့်ဖြစ်နေ ပုံရသော်လည်းလင်းဂျင်ရွှမ်ရဲ့တားခြင်းကိုခံခဲ့ရသည်။

" ဖေဖေနဲ့ လွှဲထားလိုက်... "

ကြွက်စုတ်တွေရဲ့ကျိန်ဆဲသံတွေကို လျစ်လျူရှုပြီး ပေါင်မုန့်လုံးကြီးရဲ့ဝေခွဲမရဖြစ်နေတဲ့မျက်လုံးတွေကိုလျစ်လျူရှုရင်း လင်းဂျင်ရွမ်က ကောင်လေးရဲ့ နဖူးကိုဖွဖွလေးတောက်ဖို့ လက်ဆန့်ထုတ်လိုက်တယ်။ သူ၏ အကြည့်များသည် အမျိုး သမီးဘက်သို့လှည့်လာသောအခါ သူ့မျက်လုံးထဲတွင်ရှိနေသော နွေးထွေးမှုများချက်ချင်းပျောက်ကွယ်သွားပြီး အအေးဓာတ်ကအစားထိုးလာခဲ့သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now