Chapter 41 သေးငယ်သော ကံကြမ္မာကိုဖန်တီးရန်ကြိုးစားခြင်း

4.9K 699 11
                                    

Chapter 41
သေးငယ်သော ကံကြမ္မာကိုဖန်တီးရန်ကြိုးစားခြင်း

"လူငယ်လေးလင်းက ဟင်းချက်နည်းကို ဘယ်ဈေးနဲ့ရောင်းချင်တာလဲဆိုတာ သိချင်တယ်"

ခဏအကြာတွင် လူလေးယောက် သေတ္တာသယ်ပြီး ၀င်လာကြတယ် ဆိုင်ရှင်က အဓိကအချက်ကို တန်းသွားချင်နေတယ်။ လင်းဂျင်ရွှမ်က ပြုံးပြီးခေါင်းယမ်းရင်း

"ကျွန်တော်က ယိုပဲရောင်းတယ်၊ ဟင်းချက်နည်း‌ ရောင်းတာမဟုတ်ဘူး"

သူ့ကို အရူးလို့ ထင်နေတာလား ?? ရွှေဥဥတဲ့ငန်းကို သူဘယ်လိုသတ်ရမလဲ ??

ဆိုင်ရှင်ကျန့်က မျက်မှောင်ကြုတ်ကာ လက်မလျှော့သေးပေ

"ငါ မင်းကို စျေးမြှင့်ပြီးပေးလို့ရတယ် လူငယ်လေးလင်း မင်း စဉ်းစားသင့်တယ် "

" ဟားဟား ခင်ဗျားဘာကိုစိတ်ပူနေလဲ ကျွန်တော်သိပါတယ် အနာဂတ်မှာ ကျွန်တော် တခြားသူ‌တွေကို ရောင်းမှာရယ် ၊ ယိုကို သိုလှောင်ထားနိုင်မှု သက် တမ်းရယ် ။ ခင်ဗျား စိတ်ချထားလို့ရပါတယ်။ ကျွန်တော် ယိုကို ချက်ပြီးပြီးချင်းရောင်းတာပါ လတ်လတ်ဆတ်ဆတ်ပါပဲ ။ ရေခဲရုံထဲထည့်ထားရင် သုံးလကနေ ငါးလအတွင်း ဆိုးမသွားဘူးဆိုတာ သေချာပါတယ်။ ကျွန်တော် ခင်ဗျားနဲ့စာချုပ်ချုပ်‌ ပေးမယ်.. ကျွန်တော် ယိုကို ခင်ဗျားကိုပဲ ရောင်းပေးမယ် တခြားသူတွေကို ရောင်းခဲ့ရင် စာချုပ်အရ အရေးယူလို့ရတယ် ၊ ခင်ဗျားဘာပြောချင်သေးလဲ"

လင်းဂျင်ရွှမ်သည် ပညာရှိဖြစ်သည်။ သူ့စိတ်ထဲကပူပန်မှုတွေကို သူဘယ်လိုမသိရမှာလဲ။ တကယ်တော့ သူ့မှာ ကိုယ်ပိုင်စိတ်ကူးရှိတယ်။ ရှားပါးတဲ့အခါတွင် စျေးကြီးပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လျှင် ဈေးလည်းကျသွားတတ်သည်။ ထို့ကြောင့်သူမပြော လျှင်ပင် တစ်ဖက်မှ ရောင်းရန်သီးသန့်သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဖြစ်သည်။

"ကောင်းပြီ မင်း ဘယ်လိုရောင်းချင်လဲ ?? "

ဟုအနည်းငယ်တွေးတောပြီးနောက် ဆိုင်ရှင်က သဘောတူသော်လည်း ထိုအစားအစာသည် နွေရာ သီတွင်သာ ဆွဲဆောင်ရောင်းချနိုင်မည်ဖြစ်သော် လည်း သေးငယ်သော ကံကြမ္မာကိုဖန်တီးနိုင်ရန်ပင် လုံလောက်‌နေပြီဖြစ်သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now