Chapter 70

4.6K 590 3
                                    

Chapter 70

အဘိုးကြီးရောက်လာခြင်း : အရှင့်သားက လူတိုင်းကို ထိတ်လန့်စေခြင်း (2)

"လုံလောက်ပြီ ! လင်းဂျင်ရွှမ် အဲဒီနှစ်မှာ ဘာဖြစ်သွားလဲဆိုတာ မင်းထပ် ဘယ်သူ့ပိုသိနိုင်မှာလဲ ?? ယောက်ျားတစ်ယောက်အနေနဲ့ မင်းကိုယ်ဝန်ရခဲ့တယ်!! မင်းက မကောင်းဆိုးဝါးမဟုတ်ရင် မင်းကဘာများဖြစ်နိုင်မှာလဲ ? ငါ့အစ်ကိုကြီး မင်းကို မိသားစုကနေခွဲထုတ်လိုက်တာက မင်းအပြင်မှာ လူစိမ်းတစ်ယောက်နဲ့သွားပြီး ကိုယ်ဝန်ရသွားတာကြောင့်ပဲ။ ဒီမှာ အဓိပ္ပါယ်မရှိတဲ့စကားတွေလာပြောမနေနဲ့ ဒီလိုမှမဟုတ် မင်းကို ဘိုးဘွားခန်းမမှာ အပြစ်ပေးရလိမ့်မယ်။

လင်းမိသားစု၏ သခင်ကြီးကိုပင်ချေမှုန်းပစ်နိုင်ခဲ့သည်ကို မြင်လိုက်ရသဖြင့် ရွာသူကြီးလင်းချီကိုင် သည် ရှေ့ထွက်ရတော့သည်။ မည်သို့ပင်ဖြစ်စေ သူသည် အရာရှိတစ်ဦးဖြစ်သည်။ စကားလုံးအနည်း ငယ်ဖြင့် လင်းဂျင်ရွှမ်၏ တမင်တကာ မဟုတ်မမှန်စွပ်စွဲပြောဆိုခြင်းကို လျှို့ဝှက်စွာရှောင်ရှားနေခဲ့ပြီးဖြစ်သည်။

"သူက လူစိမ်းတစ်ယောက်နဲ့နေတယ်လို့ ဘယ်သူပြောလဲ ? ငါက သူနဲ့ ဒီတစ်လျှောက်လုံးရှိနေခဲ့တာ !!"

လင်းဂျင်ရွှမ်၏ ရှေ့သို့တိုးလာသည်နှင့် ရန်ရှန်းလွေ့သည် သူ့ခန္ဓာကိုယ်ကိုထိန်းလိုက်ပြီး ရှေ့သို့တိုးသွားခဲ့သည်။ သူ၏ အရှိန်အဟုန်သည် ထိုနေရာရှိ လူတိုင်းကို ချက်ချင်းအံ့အားသင့်စေခဲ့သည်။ လင်းဂျင်ရွှမ်သည် စကားမပြောဘဲ သူ့နဖူးကို ထိကိုင်လိုက်သည်။ ရန်ရှန်းလွေ့မင်းဘာတွေပြောနေတာလဲ ?? ဒီလောက်ရှုပ်​​နေတာနဲ့တင် လုံလောက်ပြီလို့မထင်​ဘူးလား?

သူတို့နောက်မှာရပ်နေတဲ့ လင်းချန်းလုံနဲ့ သူ့မိန်းမက ထူးဆန်းသလိုလိုခံစားနေကြရတယ်။ သူတို့သားအတွက် ရပ်တည်ပေးလို့အရမ်းပျော်နေပေမယ့် သူ့ကြောင့်သာမဟုတ်ရင် ဂျင်ရွှမ်က ဘာလို့ဒီလိုမျိုးအဆုံးသတ်ခဲ့ရမှာလဲ ??

လင်းဂျင်ပန်နှင့် ပေါင်မုန့်နှစ်လုံးသည် ထိုထူးဆန်း သောအခိုက်အတန့်တွင် လူသုံးယောက်က မမျှော် လင့်ဘဲအာဏာရှင်ဆန်နေသော အငွေ့အသက်တွေနဲ့  သန်မာသောခန္ဓာကိုယ်နှင့်လူအား ကလေးများနှလုံး သားထဲ၌ မြတ်နိုးမှုများတဖွားဖွားဖြစ်ပေါ်လာခဲ့သည်။ အရမ်းခန့်ညားနေတယ်...မဟုတ်လား.. ??

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Nơi câu chuyện tồn tại. Hãy khám phá bây giờ