Chapter 137

3.1K 532 2
                                    

Chapter 137
သုံးပွင့်ဆိုင်ထိပ်တိုက်ရင်ဆိုင်မှုအခြေအနေ၊ ရန်ရှန်းလွေ့၏ မူမမှန်မှု (၂)

အရည်အသွေးမြင့်သံမဏိများသည် ရန်ရှန်းလွေ့၏ နှလုံးသားတွင်နာကျင်စေသောအချက်ဖြစ်လာသည် ဟုပြောနိုင်သည်။ ဒါကြောင့် အခုချိန်ထိမှတ်ဉာဏ်တွေပျောက်ဆုံးသွားရင်တောင် အဲဒီစကားကြား လိုက်ရတော့ စိတ်လှုပ်ရှားနေတုန်းပါပဲ။

လက်နှစ်ဖက်က နာကျင်မှုတွေက လင်းဂျင်ရွှမ်က သူ့လူ ဘယ်လောက် စိတ်လှုပ်ရှားနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောပြခဲ့ပြီး စိတ်လှုပ်ရှားလွန်းလို့ သူ့ခံစားချက်တွေကိုတောင် လျစ်လျူမရှုဘဲ အေးစက်တဲ့ခံစားမှုမျိုးက အဲဒီ ပိန်သွယ်ရှည်လျားတဲ့ ဖီးနစ်မျက်လုံးတစ်စုံဆီ ရောက်သွားပေမယ့် သူလုံး၀ မအော်ခဲ့ဘူး။ မှိတ်တုတ်မှိတ်တုတ်ဖြင့် အေးစက်သောမျက်လုံးတစ်စုံဖြင့်သူ့ကိုကြည့်နေခဲ့သည်။ သူ့ခံစားချက်များကို နားလည်နိုင်သော်လည်း အရည် အသွေးမြင့်သံမဏိကို သန့်စင်ရန်ဖော်မြူလာအတွက် သူ၏ခံစားချက်များကိုလျစ်လျူရှုခဲ့သည်ကိုလက်မခံနိုင်ချေ။ သူသည်တစ်ကိုယ်ကောင်းဆန်သူ (သို့) သူသည် ပိုင်ဆိုင်လိုလွန်းသည်ဟုသင်ပြောနိုင်သည်။ သို့သော် သူနှင့် သူ၏သားတို့သည် သူ့နှလုံးသားတွင် အရေးအကြီးဆုံးဖြစ်သည်ကလွဲလို့ ကျန်တာဘာမှမလိုချင်တော့ပေ။

"ရှန်းလွေ့ ဂျင်ရွှမ်ကိုလွှတ်လိုက်ပါ။ သူက အားနည်းနေတာ မင်း သူ့ကို နာကျင်အောင်လုပ်နေတာပဲ"

ဒါကိုမြင်တော့ ဟန်ဖေးနဲ့ ကျောက်ဒါလောင်နှစ်ယောက်စလုံး အလျင်စလိုမလှုပ်ဘဲ တစ်ယောက်က ဂျင်ရွှမ်ကိုကိုင်ထားပြီး ကျန်တစ်ယောက်က ရန်ရှန်းလွေ့ရဲ့လက်တွေကို ဖယ်ဖို့ကြိုးစားနေခဲ့တယ်။ ထို အခါ ရန်ရှန်းလွေ့ ရုတ်တရက်သူ့သတိ၀င်လာသည်။

"တောင်းပန်ပါတယ်ကွာ ဘာကြောင့် ဒီလိုလုပ်လိုက်မိတာလဲ မသိဘူး။ ဂျင်ရွှမ်...မင်းအဆင်ပြေရဲ့လား"

ရှန်းလွေ့သည် နာကျင်သောမျက်နှာထားဖြင့် သူ့လက်ကိုဆွဲယူရန် ချဉ်းကပ်နေချိန်တွင် လင်းဂျင်ရွှမ်က

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now