Chapter 123

3K 439 0
                                    

☘️ Chapter 123
☘️သူများမယားခိုးယူပေါင်းသင်းသူ? ဘယ်မှာလဲ? (၁)

"နင်တို့က ဘယ်လိုငရဲလဲ ? နင်တို့ဘက်က တန်ဖိုးထားပြီး တင်တောင်းနေတာလို့ ထင်မြင်ပေးရမှာလား ? လင်းမျိုးရိုးနဲ့ လူတွေကို သွားပြောလိုက်။ လင်းဂျင်ရွှမ်က လင်းမိသားစုဟောင်းရဲ့ မိသားစု ဟောင်းရဲ့သစ်ပင်မှာလည်းမရှိတော့ဘူး။ အဲ့အ တွက် သူ့ကို ထိန်းချုပ်ပိုင်ခွင့်လည်းမရှိဘူး ! ဟုတ်သားပဲ ဂျင်ရွှမ်ကကလေးမွေးနိုင်တယ် အဲ့အတွက် သူ့မှာနာမည် ဆိုးလဲရှိထားတယ်။ ဒီတော့ ဘာဖြစ်လဲ ? ရှင်တို့နဲ့ ဘာဆိုင်လို့လဲ ? ဒီကနေထွက်သွား ! ငါပြောနေတယ် ဒီကနေထွက်သွား !"

"အိုး၊ လာစမ်းပါ မင်းက လင်းဂျင်ရွှမ်ရဲ့အမေပဲ။ သူ့အဖေရဲ့အမေ မဟုတ်ဘူး။ မင်းမှာ သူ့အတွက် ဆုံး ဖြတ်ချက်ချပိုင်ခွင့်မရှိဘူး ! လင်းဂျင်ရွှမ်က ဆယ့်ငါးနှစ်နဲ့ကိုယ်ဝန်ရှိခဲ့တာ အနီးနားက ရွာကလူတွေအားလုံးက သူ့နာမည်ဆိုးကို မသိတဲ့သူမရှိဘူး။  အကြီးအကဲဇနီးဟောင်းရဲ့မြေးဖြစ်သူက သူ့ကိုလက်ထပ်ချင်တာ သူ့အတွက်ကောင်းချီးပဲလေ။  အဆိုးထဲက အကောင်းပဲ ဖြစ်မလားဆိုတာမပြောနိုင်ဘူးလေ"

"သူ့အတွက်ကောင်းချီး? ငါတို့ရဲ့ ဂျင်ရွှမ်က အရူးတစ်ယောက်လိုဖြစ်တုန်းက သူ့ကိုလက်ထပ်ဖို့ နင်တို့ကဘာလို့မစဉ်းစားခဲ့တာလဲ။ အခု သူပြန်ကောင်းလာပြီး ဉာဏ်ကောင်းလာတော့မှ မနက်စောစော မြေနဲ့တိရစ္ဆာန်တွေ သွား၀ယ်တာကို မြင်တော့မှ တင်တောင်းဖို့လာခဲ့တယ်လေ။ စုမိသားစုရဲ့သားက သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင်တဲ့ အရူးတစ်ယောက်ပဲ၊ ငါတို့ရဲ့ ဂျင်ရွှမ်ကို နိမ့်ချဖို့ မင်းမှာဘယ် လိုမျက်နှာရှိနိုင်တာလဲ။ နင့်ရဲ့မွေးခါစသားမှာ ဖင်မပါလာမှာကို နင် မကြောက်ဘူးလား”

"နင် ဘာကိုဆိုလိုတာလဲ? ဟမ့်? နင်ဘယ်အကြောင်းကိုပြောနေတာလဲ? စုမိသားစုဟောင်းရဲ့ သားက ဘာဖြစ်လို့လဲ ? သူက အခြားသူတွေထက် အနည်းငယ်သာလွန်တယ်မဟုတ်ဘူးလား ? လင်းဂျင်ရွှမ်လည်း ကောင်းတာမဟုတ်ဘူး။ မိန်းမမဟုတ် ယောက်ျားမဟုတ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ပဲ။ တစ်ယောက်ယောက်က သူ့ကိုလက်ထပ်တာကို ကံကောင်းတယ်လို့ပဲခံစားရမှာပါ..."

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now