Chapter - 11 ‌ဖေဖေ ဘာလုပ်နေတာလဲ ?? ဆားက စျေးကြီးတယ်

6.7K 873 7
                                    


အခန်း (၁၁)

"ဘယ်လောက်တောင် အရသာရှိရတာလဲ ဖေဖေ နေ့တိုင်း ငါးဟင်းသာဆိုရင်..."

ဖောင်းနေတဲ့ဗိုက်လေးကိုကိုင်ပြီး အားရကျေနပ်နေတဲ့မျက်နှာနဲ့  နှုတ်ခမ်းကို တင်းတင်းကြိတ်ရင်း ပြောနေခဲ့တယ်၊ လင်းဂျင်ရွှမ်က သူ့ခေါင်းကို ပွတ်သပ်ပြီးပြောလိုက်တယ်

"အဲ့တာရိုးမသွားဘူးလား ?  မနက်ဖြန် ဖေဖေ မင်းအတွက် တစ်ခုခု ထပ်ဖမ်းပေးမယ် "

" ဟမ်... တော်ပါပြီ ဖေဖေ တစ်ခုခုဖြစ်သွားမှာ သား ကြောက်တယ် ... "

လို့ ပြောပြီး  ပေါင်မုန့်လုံးလေးရဲ့ မျက်နှာပေါ်က အပြုံးက ရုတ်ချည်းပျောက်ကွယ်သွားခဲ့တယ် နှုတ်ခမ်းဆူနေခဲ့ပြီး ဆီဘူးကို လှမ်းယူထားဖို့ အဆင်သင့်ဖြစ်လုနီးပါးဖြစ်နေခဲ့ပြီ သူ့ပုံစံက စိတ်မသက်မသာဖြစ်စရာ တစ်ခုခုကို တွေးနေတာသေချာပါတယ်။ 

တစ်ဖက်က ပေါင်မုန့်လုံးကြီးကလည်း သူ့မျက်နှာက မည်းမှောင်သွားပြီး

“သားတို့ ငါးမစားတော့ဘူး ဖေဖေ၊ နောက်ထပ် ငါးဖမ်းဖို့ မကြိုးစားနဲ့တော့” လို့ တိုးတိုးလေးပြောတယ်။

လိုလိုမယ်မယ် ၊ သူတို့အဖေက ဘဝကိုဘယ်လိုနေထိုင်ရမယ်ဆိုတာ မသိပေမယ့် သူတို့ဒီဖေဖေကိုအရမ်းသဘောကျတဲ့အတွက် မဆုံးရှုံးချင်ဘူး။ 

" ဟဲဟဲ ... ကောင်းပြီ .. ငါးဖမ်းဖို့ပိုက်ကွန်သုံးကြရင်ဘယ်လိုလဲ ?? ဒီနေ့ ရွယ်ဟွာမြောင်းရဲ့ အောက်ခြေမှာ ငါးအကြီးကြီးတွေ အများကြီးရှိနေတာကို တွေ့ခဲ့တယ် ၊ မင်းတို့ အဖိုးနဲ့ အဖွား လာတဲ့ရက်ကြရင် ပိုက်ကွန်သေးသေးလေးဝယ်ခိုင်းလို့ရတယ်လေ ၊ ငါတို့ ငါးတွေအများကြီးဖမ်းပြီး ပြန်ရောင်းလို့ရနိုင်တယ် "

မနေ့ညက ဟင်းချက်တဲ့အဖြစ်အပျက်အပြီးမှာ လင်းဂျင်ရွှမ်က ပေါင်မုန့်လုံးကြီးရဲ့ အကျင့်တချို့ကို သိလိုက်ရတယ်။  ငွေရှာတဲ့ ကိစ္စဖြစ်နေသရွေ့ သူဘယ်တော့မှ ကန့်ကွက်မှာမဟုတ်ဘူး။ 

" တကယ်လား ?? "

သူတို့ ငွေရှာနိုင်သည်ကို ကြားလိုက်ရသည်နှင့် အမျှ ပေါင်မုန့်လုံးကြီးက စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတွေနီရဲလာသည်။ လင်းဂျင်ရွှမ်သည် ကူကယ်ရာမဲ့ သက်ပြင်းချကာ သူ့အားကြည့်နေသော စိတ်လှုပ် ရှားနေသော မျက်လုံးများအောက်တွင် ခေါင်းညိတ်ပြရင်း၊ လူသား၏ သဘာဝအတိုင်း မက်မောသော စိတ်သည် ငွေ၏သွေးဆောင်မှုကို တွန်းလှန်ရန် မမျှော်လင့်ဘဲ ပျက်ကွက်သွားသည်။  သြော် သူ့ရဲ့ ပေါင်မုန့်လုံးကြီးက နည်းနည်းလေးတော့... သိတယ်မလား ?? ။ 

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now