Chapter 29 ပေါင်မုန့်နှစ်လုံးအား အဲဒီလူက ဘယ်သူလဲဆိုတာ ပြောပြခြင်း ( 2 )

5.8K 785 10
                                    

Chapter 29
ပေါင်မုန့်နှစ်လုံးအား အဲဒီလူက ဘယ်သူလဲဆိုတာ ပြောပြခြင်း ( 2 )

ဆက်တိုက်‌ပြောပြပြီးနောက် လင်းဂျင်ရွှမ်သည် နောက်ဆုံး အမှတ်ရသွားသည်၊ တစ်ချိန်တည်းမှာပင် စောင့်ကြည့်နေသော ရှည်လျားကျဉ်းမြောင်းသော ဖီးနစ်မျက်လုံးများကို ဂရုတစိုက်ဖြင့် သေချာစောင့်ကြည့်ကာ ကလေးတွေစိတ် ပြိုလဲသွားနိုင်မလား (သို့) လက်မခံနိုင်ဖြစ်နေမည်ကို စိုးရိမ်ခြင်းသာဖြစ်ပြီး အဆုံးတွင် ၎င်းတို့သည် ငါးနှစ်သားအရွယ်သာဖြစ်ပြီး ထိုလူသည် တစ်ခါမျှ မပေါ်သေးပေ။ ကလေးတွေ၌ ရွံရှာဖွယ် အပြုအမူ တစ်ခုခုရှိလျှင်ပင် သာမာန်သာဖြစ်သည်။

အံ့သြစရာမှာ ပေါင်မုန့်နှစ်လုံးသည် အလွန်ငြိမ်သက်နေပြီး နှုတ်ခမ်းများက ချွန်လိုက်ဖောင်းလိုက်ဖြစ်နေကာ ၎င်းတို့မျက်နှာထားက သိပြီးသလိုပင်ဖြစ်နေကြသည်။ သူ့မိဘများနှင့် စကားများရန်ဖြစ်ခဲ့သည်ကို တွေးရင်း လင်းဂျင်ရွှမ်သည် မျက်လုံးများကို မှိတ်လိုက်ပြီး လက်နှစ်ဖက်ကို ဆွဲ၍ လက်နှစ်ဖက်ကို သူ၏လက်ပေါ်တွင်ထပ်ကာ

"ဖေဖေ မင်းတို့ကို မလှည့်စားချင်ဘူး သူ့ရဲ့နောက်ခံက မရိုးရှင်းဘူး တစ်နေ့နေ့ တစ်ချိန်ချိန်မှာ.... စောစော မင်းတို့သိထားတာကို စိတ်ထဲပဲထားကြ အခုသူက ခေါင်းထိပြီး သတိမေ့နေတဲ့အတွက် သူ့ကို ရွားသားအသစ်တစ်ယောက်လိုပဲ သဘောထားကြ "

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ..ဒီစကားလုံးတစ်လုံးနဲ့တင် သူ့နှလုံးသားထဲ ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားတဲ့အတွက် သူကိုယ်သူ ဘယ်သူလဲဆိုတာ ခေတ္တမေ့သွားခဲ့တယ် အခု သူ့ခေါင်းကို သိမ်းထားလိုက်သင့်တယ်...

အနာဂတ်အတွက်ဆိုလျှင် လင်းဂျင်ရွှမ်သည် မိုက်မဲခြင်းမရှိ၊ လူတစ်ယောက်ရဲ့နောက်ခံဟာ သူမျှော် လင့်ထားတဲ့အတိုင်းသာဆိုရင် သူ့အစွမ်းအစနဲ့ ဒီကလေးတွေကို သူ့အနားမှာထားဖို့ ခက်လိမ့်မယ် ဒါပေမယ့် ... ရက်စက်တဲ့ အလင်းတန်းတစ်ခုက သူ့မျက်လုံးထဲမှာ လင်းလက်တောက်ပနေခဲ့တယ်။ အရာရာဟာ အကြွင်းမဲ့မဟုတ်‌ဘူး၊ သူ့ရဲ့ပေါင်မုန့်လုံးလေးတွေက သဘောမတူသရွေ့ ဒီချုပ်နှောင်ထားမှုကို သူဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူး

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now