Chapter 186

761 98 0
                                    

CHAPTER 186


မျက်နှာမှာမွေးရာပါ အမှတ်အသားပါတဲ့သူကို အမျိုးသမီး၀မ်က ရွေးခဲ့ပြီးချန်းရုဟွားလို့ခေါ်တယ်။ လင်းချန်းလုံက ရွေးခဲ့တဲ့လူကိုတော့ ကျန့်ဒလို့ခေါ်ပါတယ်။ လင်းဂျင်ဟန်နှင့် လင်းဂျင်ပန်တို့ရွေးချယ်ခဲ့သောသူများကို စုဂျန်းနှင့် လီအန်းဟုခေါ်သည်။ နောက်နေ့မနက်မှာ ကလေးတွေကို ကျောင်းပို့ပြီးနောက် လင်းဂျင်ရွှမ်က ကျန့်ဒနဲ့ ကျောက်အာကို ရန်ရှန်းလွေ့အပါအ၀င် တခြားသူများနှင့်အတူတော ရိုင်းအသီးအနှံတွေသွားကောက်ဖို့ တောင်းဆိုခဲ့ပါတယ်။ ကျောက်သည် အသက်အရွယ်ကြီးရင့်သော ကြောင့် လင်းဂျင်ရွှမ်သည် အကျီများကိုသန့်ရှင်းရေးလုပ်ခိုင်းပြီးလမ်းဘေးတွင် တံခါးစောင့်အဖြစ် ဆောင်ရွက်ခိုင်းခဲ့သည်။ လီအန်း၊ စုဂျန်း၊ အမျိုး သမီးကျန့်၊ အမျိုးသမီးဝူနှင့် ချန်းရုဟွားတို့သည် တောရိုင်းသီးများကို ဆေးကြောရန်အလုပ်ရုံသို့ သွားခဲ့ကြသည်။ လျိုရှောင်စွေနှင့် လင်းယွမ်တို့ သည် ခယ်မဆုန်း၏ လက်ထောက်များအဖြစ်လုပ် ကိုင်ခဲ့ကြသည်။ ကလေးတွေက ပေါင်မုန့်လုံးလေးတွေနဲ့ ကျောင်းသွားခဲ့ကြသည်။


"ဒီလို ဆေးရတာလား သခင်မ၊ ဘာလို့ အရိုးတွေကို ဖယ်ထုတ်ပစ်လိုက်တာလဲ"


"လီအန်း ဒါကမှားနေတယ်။ သူတို့ကို တစ်လုံးပြီးတစ်လုံးဆေးပေးရမယ်။ အားလုံးကို ရေထဲသွန်ချပစ်လိုက်ပြီး အလျင်းသင့်သလို တစ်လုံးချင်းဆေး လိုက်..."


"ဟုတ်ကဲ့ပါ သခင်မ"


"စုဂျန်း ငါ မငိးကို တစ်လုံးပြီးမှ တစ်လုံးဆေးဖို့ ငါပြောခဲ့တာမဟုတ်ဘူးလား ? ဒီလိုမျိုး‌လေ..."


အလုပ် စလုပ်တဲ့အခါမှာပဲ တချို့လူတွေရဲ့ သဘော သဘာဝကိုလုံးလုံးလျားလျား ဖော်ထုတ်နိုင်ခဲ့တယ်။ မနေ့နေ့လည်ခင်းလုံး အကျွမ်း၀င်အောင်တစ်မိသား စုလုံးကလိုက်လျောညီထွေနေခဲ့ကြတယ် ဒါပေမယ့် လီအန်းနဲ့ စုဂျန်းတို့ဟာ သူတို့အလုပ်မှာ အရှုပ်တွေစလုပ်ပါတော့တယ်။ တောရိုင်းအသီးအနှံတွေကိုဆေး ကြောတဲ့အခါ သူတို့မှာ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အခြေအနေတွေရှိနေတယ်။ ဒါပေမယ့် အမျိုးသမီး ၀မ်က သူတို့ကိုစိတ်ရှည်ရှည်နဲ့ သင်ပေးရင် ခေါင်း ညိတ်ပြလိုက်ရုံနဲ့ နားလည်ပြီပြောလိုက်ကြပေမယ့် နောက်တစက္ကန့်မှာတော့ သူမရဲ့ စကားနောက်ကို ဖယ်ချလိုက်ပြီး စပျစ်သီးတစည်းကို ရေထဲပစ်ချပြီး ကျပန်းမွှေ ပြီးရင် ပြီးသွား‌ပြီ။ သူတို့ခြေထောက်ဘေးမှာလဲ စပျစ်သီးတွေကိုစုပုံထားတယ်။ အမျိုး သမီး၀မ်သည် ရွာသူရွာသားတစ်ဦးဖြစ်သည်ကို သိထားသင့်သည်၊ ထို့ကြောင့် အိမ်တွင် ကျွန်များနှင့် အိမ်အကူများပင်လျှင် ၎င်းတို့ကို ဤကဲ့သို့ ခိုင်းစေခြင်းမျိုးတစ်ခါမျှမလုပ်ဖူးပေ။ ယခုလိုအခြေအနေ မျိုးမြင်နေရတော့ သူမလည်း ဘာလုပ်ရမှန်းမသိဘဲ အထပ်ထပ်အခါခါပြောပြ၍သာနေနိုင်သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now