Chapter 34 ကျွန်တော်တို့အတွက် ကြင်နာသနားမှုကို မလို အပ်ဖူးနှင့် ဈေးပွဲတော်ကိုသွာ

5.7K 739 24
                                    

Chapter 34
ကျွန်တော်တို့အတွက် ကြင်နာသနားမှုကို မလို အပ်ဖူးနှင့် ဈေးပွဲတော်ကိုသွားခြင်း

နောက်နေ့မနက်စောစောမှာ သားအဖနှစ်ယောက် အပြေးအလွှား လက်ဝှေ့လေ့ကျင့်မှုတွေ ပြီးသွားတော့ လင်းဂျင်ရွှမ်က စကူတာဘီးတပ်ပြီး ရွယ်ဟွာချောင်းကိုသွားခဲ့တယ်။ ဘာပဲပြောပြော ဒီနေ့ မြို့ပွဲဈေးကိုသွားပြီး ငါးရောင်းဖို့စိတ်ကူးထားတယ်။    မသွားခင်မှာ ဆေးဖက်ဝင်အပင်တွေကို ကောင်း ကောင်းဆေးပြီးရင် မီးပိတ်ဖို့မမေ့ရန် ပေါင်မုန့်နှစ်လုံးကို သတိပေးလိုက်တယ်။ ဒါပေမယ့် သူလျစ်လျူရှုထားမိတဲ့ အရာတစ်ခုရှိတယ် - အဲဒီလူနဲ့ ပတ်သက်ပြီး သူတို့လေးတွေရဲ့ သိချင်စိတ်ရှိတယ်။  သူတို့လုံးဝဂရုမစိုက်ဘူးလို့ ပြောကြပေမယ့် သူတို့ ကသွေးရင်းသားရင်းဖြစ်လို့ သူ့ကိုဘယ်လိုမှ ဂရုမစိုက်ပဲမနေနိုင်ကြဘူး.....

ရန်ရှန်းလွေ့သည် ကွန်ဖူးကို တစ်နှစ်ပတ်လုံးလေ့ ကျင့်ခဲ့ဖူးသဖြင့် သူ၏အကြားအာရုံသည် အထူးကောင်းမွန်သည်။ လင်းဂျင်ရွှမ်နှင့် မနေ့ညက မုန့်နှစ်လုံးကြား ဆွေးနွေးမှု ၊ ဝိုင်နှင့် ယိုအကြောင်း လင်းဂျင်ရွှမ်၏ ပြောပြထားချက်အပါအဝင် ဤမိသားစုတွင် ဖြစ်ပျက်သမျှ အရာအားလုံးကိုသူသိခဲ့သည်။ သူ့အမှတ်တရတွေ ပျောက်ဆုံးသွားပေမယ့် သူ့ဗီဇကဲ့သို့ အရာများကျန်ရှိနေတုန်းပါပဲ။ အချိန်တိုအတွင်း အချက်အလက်များရပြီးနောက် ဤလင်းဂျင်ရွှမ်ဆိုသူအား သူ့သိနိုင်လောက်အောင် လုံ လောက်ခဲ့‌ပေမယ့် ထိုလူနှင့် ပတ်သက်ပြီးလည်း သူရဲ့သိချင်စိတ်ဖြစ်ပေါ်လာခဲ့တယ်....ဟုတ်ပါတယ်... ဒါကသူ လင်းဂျင်ရွှမ်ကိုချစ်မိသွားတယ်လို့ မဆိုလိုပါဘူး....အခုဆို သူ ပြန်အမှတ်ရလာတာတွေနဲ့ နှိုင်းယှဥ်လိုက်ရင် လင်းဂျင်ရွှမ်အကြောင်း ပိုသိလာချင်တယ်....

“ဒီမှာ ခင်ဗျားရဲ့ဆေး အဖေက ဒီမနက် အညို‌ရောင်မှိုပွင့်တွေချက်ထားပေးခဲ့တယ်..စား ”

တံခါးအပြင်ဘက်မှာ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် မုန့်နှစ်ထုပ်က တံခါးကို တွန်းဖွင့်ပြီး အခန်းထဲသို့ဝင်သွားခဲ့သည် နက်မှောင်သောမျက်နှာကို ဝတ်ဆင်ထားသည့် လင်း၀မ်သည် ပန်းကန်လုံးကြီးနှစ်လုံးကို သူ့ရှေ့တွင်ထားလိုက်ပြီး၊ သူ့မျက်လုံးများက ၎င်းအား လုံး၀မကြည့်ခဲ့ပေ...  ထို့ကြောင့် လင်းဝူသည် လင်းဝမ်၏နောက်တွင် ပုန်းနေသော်လည်း လင်းဝူသည် ထိုလူကို လှမ်းကြည့်နေခဲ့သည်။ အခါအားလျော်စွာပင် သူ့အဖေက သူ့တို့ကိုပြောပြထား‌ပေမယ့် သူတို့နှစ်ယောက်နှင့် ထိုလူက တကယ်တူနေတာကို သူသတိထားမိခဲ့တယ်...

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now