Chapter 141

3.6K 363 6
                                    

Chapter 141
မြေခွေးများနှင့်အတူရေချိုးခြင်း ၊ မန်ဒရင်းဘဲရေချိုးခြင်းနဲ့ခြားနားခြင်း (၂)

"ငါက မကျေနပ်ဖူးလို့ပြောရင်ကော ?"

သူ့သဘောပေါက်လာသောအခါ လင်းဂျင်ရွှမ်က ရှက်ရွံ့စွာ ရေရွတ်၍အဝေးကိုကြည့်လိုက်သည်။ သူ့ဂျုံအရောင်ကျန်းမာသောအသားအရေနှင့် နှိုင်းယှဉ်ပါက တစ်လနီးပါးခန့်ပြန်လည်သက် သာလာပြီးနောက်တွင် အသားအရည်နှင့် နူးညံသောမျက်နှာကိုဖယ်ရှားခဲ့ပြီး ယောက်ျားအနည်းငယ်သာရှိမည့်သူ၏အသားအရေကိုပြသခဲ့သည်။ ဒါတွေအကုန် လုံးက ကြွက်သားတွေပဲ ? အင်း! ဒီလိုမျိုးလို့ မမျှော်ထားဘူး ! သူ့ပုံစံက ပိန်တာလဲမဟုတ်ဘူး တကယ့်ကိုအဆင့်တန်းအမြင့်ထဲကပဲ ။
(T/N: သူ့ကျားကျားရဲ့ six pack တွေကို ကြွေနေတာ)

ရန်ရှန်းလွေ့သည် သူ၏မျက်နှာ၊ သူ၏ရုပ်ရည်နှင့် အရည်အချင်းများပင်လျှင် ထိပ်တန်းလူများကြားတွင်အသွင်ပြောင်းနိုင်သည်။ သူသာ သူ့လူမဟုတ်ရင် သူ့ကိုအရမ်းမနာလိုနေရလိမ့်မယ်။ ကောင်းကင် ဘုံက သူ့ကိုသိပ်သဘောကျတဲ့ပုံပဲ။ သို့သော် ထိုသို့သောလူအား သူ့ပိုင်သည်ဟုထင်မြင်သောအခါတွင် သူသည်ကျေနပ်အားရမိသည်။ သူများတွေသာ မနာလိုကြပါစေလေ။ သူသာ သူ့ကိုပိုင်နိုင်တာ။

"ဟေ့ မင်း ကိုယ့်အခန်းမှာကိုယ်အိပ်မယ့်အစား ဒီမှာ ဘာလာလုပ်နေတာလဲ"

သူသည် ရေကန်ထဲသို့ အမှန်တကယ်ဆင်းလာသည်ကိုမြင်လိုက်ရသဖြင့် လင်းဂျင်ရွှမ်သည် ဒေါသတကြီး မျက်လုံးများမှိတ်ထားကာ သန်းခေါင်ယံတွင် ကစားရန် ဤနေရာတွင် ရှိနေသည်ဟူသောအချက်ကိုလုံးဝမေ့သွားခဲ့သည်။

“ဟီးဟီး… မင်းရဲ့ခင်ပွန်းဆိုတော့ ငါမင်းကိုဘယ်လို လုပ် လွှတ်ထားရမှာလဲ။ ကောင်းကောင်းနေ ဟိုဘက်နဲနဲရွေ့။ ဒါမှမဟုတ် မင်း ငါ့ပေါင်ပေါ်မှာ ထိုင်လို့ရတယ်။"

ဒီဟာကို လုံးဝစိတ်ထဲမထားဘဲ ရန်ရှန်းလွေ့သည်အရှက်မဲ့စွာရေထဲသို့ခုန်ချခဲ့သည်။ လင်းဂျင်ရွှမ်က မတုံ့ပြန်နိုင်ခင်မှာပင် သူ့ခါးကိုဆုပ်ကိုင်ထားပြီး သူ့ကိုမြှောက်ထားလိုက်တယ်။ ရေကူးကန်မှာ ထိုင်ပြီးတာနဲ့ သူ့ခြေထောက်တွေကိုဖွင့်ပြီး သူ့ရင်ခွင်ထဲထည့်ထားလိုက်ရာကနေ လေထုကိုချက်ချင်းမရှင်းမလင်းဖြစ်စေခဲ့ပါတယ်။ သူ့အပေါ် အတင်းထိုင်လိုက်ရသည့် လင်းဂျင်ရွှမ်သည် တစ်ကိုယ်လုံးအား နည်းသွားသလိုခံစားလိုက်ရပြီး သူ့လက်များကိုပူ လောင်နေသော ထိုရင်ဘတ်ပေါ်တွင် တင်ထားခဲ့သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now