☘️ Chapter 7

6.7K 969 2
                                    

☘️ Chapter 7
☘️ Yuehua Ditch: Ling Village (2)

"ဟမ် ?"

လင်းဂျင်ရွှမ်သည် သူ့အတွေးထဲနစ်မြုပ်နေရာ သူ့ပတ်ဝန်းကျင်ရှိပြောင်းလဲမှုများကိုလုံးဝသတိမပြုမိလိုက်ပေ။ ပေါင်မုန့်လုံးလေး၏သတိပေးချက်ကိုမကြားမချင်း သူ့စိတ်သည်လက်ရှိကိုပြန်မရောက်နိုင်သေးချေ။ စိတ်ထဲတွင်ရှုတ်ထွေးနေသောအတွေး များကိုရပ်တန့်လိုက်ပြီး ရုတ်ချည်းမော့ကြည့်လိုက်ရာ သူ့ရှေ့တွင် စမ်းချောင်းဟုဆိုနိုင်သောမြစ်တစ်စင်းကိုတွေ့လိုက်ရသည်။ နောက်ဘက်ခြမ်းတွင် သစ်ပင်များထူထပ်စွာပေါက်ရောက်နေပြီး စိမ်းလန်းသောတောရိုင်းဟင်းသီးဟင်းရွက်များနှင့် ပေါင်းပင်များသည်မြစ်ချောင်းတစ်လျှောက် ပေါက်ရောက်နေခဲ့သည်။ 21 ရာစု ရွှံ့ရေစီးကြောင်းနှင့်နှိုင်းယှဉ်ကြည့်ပါက ဤနေရာရှိရေသည်ကြည်လင်နေပြီးမြစ်အောက်ခြေ၌ကူးခတ်နေသော ငါးများကိုပင်ရှင်း လင်းစွာတွေ့မြင်နိုင်သည်။ 

"ဒါ လင်းဂျန်မြစ်လက်တက်လား ?"

မြေကြီးပေါ်ရှိစည်ကိုကိုင်လိုက်ပြီး လင်းဂျင်ရွှမ်က သူ့ဘောင်းဘီကိုချွတ်ကာ ရေထဲဆင်းသွားလိုက်သည်။ အေးစက်စက်ရေများ သူ့ခြေထောက်တွေကိုထိတွေ့နေခြင်းသည် သူ့အားလွန်စွာမှသက်တောင့်သက်သာဖြစ်နေစေသည်.....

"မသိဘူး ၊ ဒီဟာကို ရွယ်ဟွာရေမြောင်းလို့ပြောကြတာပဲ၊ မြစ်အထက်ပိုင်းက ရွယ်ဟွာတောင်ထဲကိုရောက်လုနီးပါးဖြစ်နေလို့ သာမာန်အချိန်တွေဆို ဘယ်သူမှမလာကြဘူး"

လင်း၀မ်က သူ့ညီလေးကိုခေါ်ပြီးလမ်းလျှောက်လာရင်းပြောလိုက်သည်။ ကောင်လေးနှစ်ယောက်သည် ရေထဲတွင်ရပ်နေသောဖခင်ဖြစ်သူကို မနာလိုစွာစိုက်ကြည့်နေခဲ့ကြသည်။ လင်းရွာရှိ သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးပင်လျှင် ရေကူးနိုင်ကြသော် လည်း ၎င်းတို့မှာမကူးနိုင်ပေ။ သူတို့ဖေဖေကိုယ် တိုင်က သူ့မိဘတွေဆီကနေ အကူအညီလိုအပ်နေတာကြောင့် သူတို့ကိုသင်ပေးဖို့ဆိုတာ မူလလင်းဂျင်ရွှမ်ကိုအားကိုးလို့မရချေ။ အဘိုး၊ အဘွားများသည် အလျင်စလိုရောက်လာကြသဖြင့် ၎င်းတို့အားရေ ကူးတတ်အောင် သင်ပေးချိန်မရှိနိုင်ပေ။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Wo Geschichten leben. Entdecke jetzt