Chapter 177

840 107 0
                                    

CHAPTER 177


လင်းချန်းဟူ၏ ဖြစ်ရပ်ကိုလေ့လာပြီးနောက်ရန်ရှန်းလွေ့နှင့် လင်းဂျင်ရွှမ်တို့က လှောင်ပြောင်ပြောဆိုကာ စကားတစ်ခွန်းမျှပင် မှတ်ချက်မပေးခဲ့ချေ။ တံတွေးကို ဖြုန်းတီးပစ်ရမှာကို ကြောက်သဖြင့် လင်းချန်းလုံကဘာမှပြန်မပြောဘဲမျက်နှာအမူအရာ ဖြင့် အမျိုးသမီး၀မ်၏ လက်ကိုဆုပ်ကိုင်လိုက်ရုံသာဖြစ်သည်။ နေ့ခင်းဘက်တွင် လင်းဂျင်ရွှမ်သည် တောင်ပေါ်သို့ ထပ်မတက်တော့ဘဲ အိမ်တွင်တောရိုင်းသီးများကို ဆေးကြောကာ သူ့အမေ၊ ချွေ့လင်းတို့နှင့်အတူ ယိုပြုလုပ်နေခဲ့သည်။


ကလေးတွေက နေ့လယ်ခြောက်နာရီခွဲလောက်မှာ အိမ်ပြန်ရောက်လေ့ရှိတယ်။ ခြောက်နာရီကျော် လေးပုံသုံးပုံလောက်မှာ ညစာစားကြတယ်။ အချိန် ကျခါနီးလို့ လင်းဂျင်ရွှမ်က သူ့အမေနဲ့ တခြားသူတွေကို သူ့အခန်းပြောင်းဖို့သွားပြီး အနားယူခိုင်းတယ်။ သန့်​ရှင်း​သောအဝတ်​အစားအချို့နှင့်​ ဂိတ်​ဝတွင်​ ရန်ရှန်းလွေ့လာရပ်​ကာ သူတို့ကို​စောင့်​​နေ၏။


"Gowl..."


သားပေါက်နှစ်ကောင်က သူတို့ထပ်ပင် ပိုစောနေသေးမည်ကို မမျှော်လင့်ထားခဲ့ပေ


"သူတို့က လူတွေထက် ဉာဏ်ကောင်းတယ်လို့ မင်းမထင်ဘူးလား"


ဘေးချင်းကပ်လျှောက်သွားရင်း လင်းဂျင်ရွှမ်က ရန်ရှန်းလွေ့ကို ပြုံးပြလိုက်သည်။ ပေါင်မုန့်နှစ်လုံး ကျောင်းသွားကတည်းကသူတို့နှစ်ကောင်ကနေ့တိုင်း လိုလို ဂိတ်ပေါက်မှာစောင့်နေတယ် မိုးရွာ လေတိုက်လို့ လူအများစုပင် သူတို့လို သစ္စာမရှိနိုင်ကြဘူး။


"သူတို့ကို ပြန်ရပြီးတဲ့နောက် ကလေးတွေကနေရာတိုင်းကို ခေါ်သွားပြီး သူတို့နဲ့ အစားအသောက်တွေ ဝေမျှကြတာ သာမာန်ပဲဆိုတော့ သူတို့အရမ်းကျေး ဇူးသိကြလိမ့်မယ်။ သူတို့ရဲ့ သစ္စာစောင့်သိမှုက ငါတို့ထက် အများကြီးပိုမြင့်တယ်"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now