Chapter 74

4.5K 560 2
                                    

🍁The Blessed
Chapter 74
လင်းဂျင်ပန်မှ သတိပေးခြင်း နှင့် အစ်ကိုကြီးပြောတာနားထောင်မယ် (2)

မနေ့က အဘွားကြီးနဲ့ တခြားသူကို ပြန်ခေါ်လာပြီးနောက် လင်းချီရန်ဟာ အိမ်နဲ့ သိပ်မဝေးတဲ့ သူ့ကိုယ် ပိုင်ကျောင်းကို မသွားဖြစ်ခဲ့ပါဘူး။ ပထမဇနီး လင်းဂျင်ဟုန်၏ အကြီးဆုံးမြေးမှတစ်ဆင့် ကလေးများကို အိမ်ပြန်ရန် အကြောင်းကြားရန်စေလွှတ်ခဲ့သည်။ လင်းချန်းလုံတို့ ဇနီးမောင်နှံပြန်လာပြီးနောက် အဘိုးကြီးသည် အဘွားအိုကို သူ့မိသားစုထံပြန်ပို့ရန် အကြီးဆုံးသား လင်းချန်းကိုင်အားတောင်းဆိုခဲ့သည်။ နောက်ဆုံးတွင် သူ့သားနှင့် မြေးများ၏ တောင်းဆိုမှုအောက်တွင် အဘွားကြီးကျန်ရစ်ခဲ့ရသည်။ သို့သော် လင်းချန်းလုံမျှော်မှန်းထားသည့်အတိုင်း မိသားစုမှ ခွဲထွက်ကာ တစ်ယောက်တည်းနေထိုင်ရန် ထွက်ခွာသွားခြင်းမှာ ထိုအချိန်၌ အရာမရောက်ခဲ့ပေ။

သူတို့ ဇနီးမောင်နှံဟာ သူတို့အခန်းကို ပြန်ရောက်တဲ့အခါ သခင်မ၀မ်က မျက်ရည်မကျပဲ မနေနိုင်ခဲ့ပါဘူး။ အဘိုးအိုသည်တွင်းတူးပြီး ခုန်ဆင်းရန်စောင့် ဆိုင်းနေသည်ကို သိသဖြင့် ခုန်ချရန် ရွေးချယ်ခဲ့ကြသော်လည်းအချို့မှာအဘိုးအိုထံမှဆူပူကြိမ်းမောင်း ခြင်းမှလွဲ၍ အပြစ်ပေးခံရခြင်းလုံးဝမရှိခဲ့ပေ။အရင်ကဖြစ်ခဲ့ရင် အဘွားကြီး ဘက်လိုက်တယ်လို့ ထင်ကြလိမ့်မယ်၊ အဘိုးအိုကသာ ဂရုမစိုက်ဘဲ မျက်စိမှိတ်ထားရုံပါပဲ။ ဒါပေမယ့် အခုမြင်ရတာတော့ အဘိုးကြီးလည်း တခြားသူတွေကို ဘက်လိုက်မှုရှိတယ်ဆိုတာပဲ။

“အမေ နှလုံးသားက ဘက်လိုက်မှုတွေနဲ့ မွေးဖွားလာတာ နှစ်ပေါင်းများစွာ ကြာသွားတော့ ကျွန်တော်တို့လည်းကျင့်သားရနေပြီပဲ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အစ်ကိုကြီးနဲ့ တခြားသူတွေအားလုံး အဆင်ပြေနေပြီပဲ ဒီတော့ မေ့ထားလိုက်ပါ ကျွန်တော့်ရဲ့ ရောဂါကတကယ်ပျောက်ကင်းသွားရင် ကျွန်တော်တာ၀န်ယူပါ့မယ်။  တော်၀င်စာမေးပွဲ အောင်ပြီး ဘွဲ့တစ်ခုအောင်လုပ်မယ်။ ဒါမှ ဒီမိသားစု ထဲက ဘယ်သူကမှ ကျွန်တော်တို့ကို သူတို့စိတ်ထင်သလို အနိုင်ကျင့်ဝံ့မှာ မဟုတ်တော့ပါဘူး"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now