🥳 Chapter 170

2.3K 191 8
                                    

🥳 Chapter 170
🥳 နှစ်သိမ့်မှု ၊ ရှုပ်ယှက်ခတ်နေတဲ့ လင်းမိသားစု (၂)

လင်းဂျင်ဝေကို အဝေးကိုလွှတ်လိုက်ကတည်းက သားကြီးတို့ဇနီးမောင်နှံနှစ်ဦး မျက်စိပွင့်သွားခဲ့ကြသည်။ အခု သူတို့စိတ်ထဲမှာ ၎င်းတို့သည်အပြင်လူတွေလိုဖြစ်နေခဲ့သည်။ ဒါကြောင့် သူတို့ဘာပြောသင့်တယ် မပြောသင့်ဘူး မပြောနိုင်ခဲ့ပေ။ အခု သူပြောနိုင်နေပြီ အဘိုးကြီး စိတ်ဆိုးမှာလား ? ဒါမှမဟုတ် လှုပ်ရှားခွင့်ပေးမှာလားဆိုတာကို လုံးဝဂရုမစိုက်တော့ဘူး။

“မင်း… ဝေမျှထားတဲ့ငွေက ငါ့ ပိုက်ဆံတွေပဲ ငါပေးချင်တဲ့ သူတိုင်းကို ပေးလိုက်လို့ရတယ်။  ကျေးဇူး ကန်းတဲ့သား။ ချန်းဟူက မင်း ညီလေ!"

အဘိုးအိုသည် ဒေါသတကြီး တုန်တုန်ယင်ယင်ဖြင့် သူ့ကို လက်ညိုးထိုးပြပြီး မျက်နှာပင်နီညိုရောင်ပြောင်းသွားသည်။ ဘေးနားတွင် ကူညီနေသော လင်းဂျင်ဟုန်သည် သူ့အသက်ရှူမှုကို ချောမွေ့စေရန် ကူညီဖို့ထွက်လာပြီး သူ့မိဘများကို အပြစ်မတင်၊ ဒေါသမထွက်ခဲ့ဘဲ သူစိမ်းကိုကြည့်နေရသလိုမျိုးပေါ့ပါးစွာတစ်ချက်ကြည့်လိုက်သည်။

"သူက ကျွန်တော့် ညီဖြစ်တော့ ဘာဖြစ်လဲ ? ကျွန် တော် သူ့ကို ရုံးတော်ဆီ ပို့ခဲ့တာမဟုတ်ဘူးလေ ? ဂျင်ဝေလည်း အဖေ့ရဲ့မြေးပဲ အဖေ သူ့ကိုဘယ်လိုဆက်ဆံခဲ့လဲ ? ကျွန်တော်သားကို တစ်ယောက် တည်းထားနိုင်မှတော့ အဖေ့ကို ကျွန်တော်က ဘာလို့ဂရုစိုက်ရမှာလဲ။ ဖေဖေ၊ အဖေ မကြိုက်ရင် ကျွန်တော်တို့ကို နှင်ထုတ်လိုက်လို့ရတယ်။ အခုချိန်ကစပြီး ကျွန်တော်တို့ ကိုယ့်ဘာသာပဲနေတော့မယ် !”

လင်းချန်းကိုင်သည် အရာအားလုံးကိုစွန့်စားရန် အသင့်ဖြစ်နေခဲ့သည်။ သူ့သား အသက်ရှင်မှာလား မသေချာဟုတွေးကာ စိတ်ထဲတွင် အဆုံးမရှိသောနာကြည်းမှုကိုဖြစ်ပေါ်စေခဲ့သည်။ ထိုနှစ်တွင် အဘိုးကြီးသည် သူ့သားကြီးအား သူ့ဘေးတွင်ပြုစုပျိုး ထောင်ထားခဲ့ပြီး သားကြီးသည် ယခုချိန်ထိ သူနှင့် လုံးဝမရင်းနှီးခဲ့ပေ။ အဆုံး၌ သူတို့ထံ ဂျင်ဝေရှိလာခဲ့ပြီး အနာဂတ်တွင်သူ့အား အားကိုးအားထားပြုရန်ကြံစည်ခဲ့ကြသည်။ ဒါပေမယ့် ရလဒ်ကတော့ သူ့ကို စစ်မြေပြင်အပို့ခံလိုက်ရတာပဲ။ ထိုကိစ္စနှင့်ပတ်သက်ပြီး စိတ်ထဲအဆိုးရွားဆုံးထိခိုက်စေမှုအနေနဲ့ရှိနေသေးသည်။ ကျန်နှစ်များတွင် သူ့သားငယ်ကို အသက်ရှင်လျက်ပြန်တွေ့ရန်ပင် အခွင့်အရေးမရှိ တော့ချေ။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now