Chapter 31 ဝိုင် နှင့် ယို ပြုလုပ်ခြင်း ၊ တိုင်၀မ် ( 2 )

5.8K 729 12
                                    

Chapter 31
ဝိုင် နှင့် ယို ပြုလုပ်ခြင်း ၊ တိုင်၀မ် ( 2 )

"လွန်ခဲ့တဲ့ရက်အနည်းငယ်က သူတို့ ဇာတ်ကွက်တစ်ခု လုပ်ထား‌သေးတယ် ။ အမေတို့က မင်းကို ပြောပြခွင့်မပြုထားဘူးကွ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းကိုလဲ စိတ်မ‌ကောင်းမဖြစ်စေချင်ဘူးလေ "

လင်းဂျင်ပန်က ခေါင်းငုံ့ပြီး ဝမ်းနည်းနေပုံရတယ်။  ဘယ်သူက မိသားစုကိုမခွဲချင်တာလဲ။ ဒါမှသာလျှင် ပိုမိုကောင်းမွန်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။  ဒါပေမယ့် ... အသက်ကြီးနေ‌သော်လည်း မိသားစုကနေ ခွဲထွက်ခွင့်မပြုပါဘူး။ ချင်တိုင်းပြည်သည် နိုင်ငံကို အုပ်ချုပ်ရန် ထိုကဲ့သို့ အစဉ်အလာကို အသုံးပြု၍ လူငယ်များအားထောက်ခံအားပေးခဲ့သည်။  သက်ကြီးရွယ်အိုများ (အများအားဖြင့် အဘိုးအဘွားများ၏ မျိုးဆက်များဟု အဓိပ္ပါယ်ရသည့် သက်ရှိထင်ရှားရှိစဉ်တွင် မိသားစုကိုခွဲထွက်ရန်မဖြစ်နိုင်ပေ)။ သူတို့ဟာပညာရှင်မိသားစုတွေ၊ စိုက်ပျိုးရေး သမားရိုးကျမိသားစုတွေတောင်မှ အစွန်းရောက်တဲ့ အခြေအနေမျိုးမရှိပါက မိသားစုကိုမခွဲထွက်နိုင်ကြဘူး။ ထို့အပြင်၊ သူတို့၏ ဖခင်သည်သာမန်လူဝတ်ကြောင် သားတစ်ဦးဖြစ်သည်။  မည်သို့ပင် ခက်ခဲစေကာမူ.....

"တကယ်လား ဟမ်!"

လင်းဂျင်ရွှမ်က အေးစက်စက် နှာစေးလိုက်တယ်။  ဒီလောက် သဘောထားကြီးတဲ့ မိဘတွေကို သူ တစ်ခါမှ မတွေ့ဖူးဘူး။ ဒုတိယမြောက်သားကလည်း  သူတို့ရဲ့သားမဟုတ်ဘူးလား ? သူ့လက်ထဲမ‌ရောက် လာပါစေနဲ့လို့ ဆုတောင်းထားရင် ပိုကောင်းမယ်....

"ဖေဖေ အနံ့ကမွှေးနေတာပဲ ဘာ‌တွေချက်နေတာလဲ"

ညီအစ်ကိုတွေ တိတ်ဆိတ်ငြိမ်သက်သွားချိန်မှာတော့ သေးငယ်တဲ့ ဆံချည်မျှင်လေးတွေဟာ စိတ်လှုပ်ရှားစွာ ပြေးဝင်လာကြပြီး၊ သူ့နောက်မှာတော့ သားပေါက်လေးတွေနဲ့ သူ့အသက်အရွယ်နဲ့ မတိတမ်းမယိမ်းရှိတဲ့ ပိန်ပိန်ပါးပါးကလေးငယ်လေးတစ်ယောက် ပါလာပါတော့တယ်....

"မင်းက လောဘကြီးတဲ့ အစားပုတ်လေးပဲ"

လင်းဂျင်ပန်ကို တုတ်နဲ့မွှေပြီး ယိုကိုဆက်မွှေဖို့ အချက်ပြရင်း လင်းဂျင်ရွှမ်က ပေါင်မုန့်လုံးလေးရဲ့ ခေါင်းကို အိမ်မွေးတိရိစ္ဆာန်အဖြစ်ပွတ်သပ်ကာ ထိုင်ချလိုက်ပြီး ရှက်တတ်တဲ့ ကောင်လေးကို ပြန်ကြည့်ဖို့ ခန္ဓာကိုယ်ကိုကိုင်းထားရင်း၊ သူက တိုင်၀မ်ဖြစ် လိမ့်မယ် ပေါင်မုန့်လုံးလေးတွေမကြာခဏပြောလေ့ ရှိတယ်။ သူ့သားနှစ်ယောက်၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သည်ဟုဆိုရမည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now