Chapter 61

4.7K 609 3
                                    


Chapter 61
အနာဂတ်အတွက်အစီအစဉ်ချခြင်း (1)

"ရှောင်ဝူ လက်ရေးလေ့ကျင့်တာ (သို့) ကိုယ်ခံ ပညာ လေ့ကျင့်ချင်လား ?"

အခန်းထဲမှ ထွက်လာပြီးနောက် လင်းဝမ်ပုံမှန်ပြန်ဖြစ်ရန် အချိန်အတော်ကြာခဲ့သည်။ အခုတော့ ဖေဖေ ပုံမှန်ဖြစ်သွားပြီ၊ တောထွက်အသီးအရွက်တွေ ရှာနေစရာမလိုတော့ဘူး၊ ဖေဖေက သူတို့ကို Xiucai ဖြစ်စေချင်တယ်လို့ မကြာခဏတွေးပြီး လင်း၀မ်ဟာ လက်ရေးလှလေ့ ကျင့်ဖို့ အိမ်နောက်ဖေးကိုသွားပြီး ဖေဖေ့ရဲ့မျှော်လင့် ချက်တွေကို အမြန်ဆုံးပြည့်မီဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် လင်းဂျင်ရွှမ်က ဘယ်လိုလုပ် စာအုပ်ကြီးတိုင်းလုပ်တဲ့လူဖြစ်နိုင်မလဲ ? အကယ်၍ သူသည် ၎င်းတို့အား အင်ပါယာစာမေးပွဲဖြေဆိုရန် အမှန်တကယ် စဉ်းစားထားပါက ၎င်းတို့အား Xiucai အဆင်လောက်နဲ့ ရပ်တန့်စေမှာမဟုတ်ပါဘူး။ စာဖတ်ခြင်းသည် ကလေးတစ်ယောက်၏ ပထမဆုံးတာဝန်ဖြစ်သည်။ နားမလည်သော စာမတတ်သူများ မဖြစ်စေလိုပါ။ သူ့မျက်လုံးထဲမှာတော့ Xiucai ဟာ အလယ် တန်းကျောင်းသားသာသာဖြစ်ပေမဲ့ သူ့စိတ်ထဲမှာတော့ သူ့တောင်းဆိုချက်က သိပ်ပြီးမမြင့်မားပါဘူး။ နောင်တွင် တော်၀င်စာမေးပွဲ လမ်းကြောင်းအတိုင်းလျှောက်မည်ဆိုပါက ၎င်းတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို လေးစားမည်ဖြစ်သည်။ 

"ကိုယ်ခံပညာပဲလေ့ကျင့်ချင်တယ် ကောနဲ့ဖေဖေ့ကိုအနိုင်ကျင့်ခံရတာကနေ ကာကွယ်ပေးချင်တယ်"

( T/N : ပေါင်မုန့်လုံးလေးတွေက အမတ်ချုပ်နဲ့ စစ်သူကြီး ဖြစ်ကြမှာတဲ့နော် 🥰🥰 )

လင်းဝူက ခေါင်းယမ်းလိုက်သည်။ လင်း၀မ်နဲ့ နှိုင်းယှဉ်ရင် သူဟာတကယ်အပြစ်ကင်းတယ် ၊ ၎င်းတို့သည် အမွှာများဖြစ်သော်လည်း လင်း၀မ်သည် သူ့ကိုယ်သူ အိမ်၏အဓိကကျသော အစ်ကိုကြီးအဖြစ်ခံယူထားပြီးဖြစ်သည်။ သူက အစ်ကိုကြီးရဲ့ကျောကိုကြည့်ရင်း ကြီးပြင်းလာတယ်လို့ ပြောလို့ရပါတယ်။ ရွာက တခြားကလေးတွေက သူ့ကိုအနိုင် ကျင့်တိုင်း အဲဒီအနိုင်ကျင့်တဲ့သူကို သူ့ရဲ့ဆံပင်တစ်ချောင်းကိုတောင် မထိစေဘဲ သူ့အစ်ကိုကြီးက မတ် တတ်ရပ်ပြီး ရှေ့ကနေအကာအကွယ်ပေးခဲ့တယ်။ ရိုက်နှက်ခံရတိုင်း အကိုကြီးပဲလေ။ ဒါ​ပေမယ့်​ အခု​အ​ဖေက ပုံမှန်​ဖြစ်​သွား​တော့ အရာအားလုံးကမတူ​တော့ဘူး။ ပြီးတော့ သူတို့လည်း ပိုကောင်းလာတယ် အဖေက သူတို့ကို သိုင်းပညာတွေနဲ့ ရေးတတ် ဖတ်တတ်အောင်သင်ပေးသေးတယ်။ စာဖတ်တာနဲ့ ယှဉ်ရင် အဖေနဲ့ သူ့အစ်ကိုကို ကာကွယ်ချင်တာကြောင့် ကိုယ်ခံပညာကို သူက ပိုသဘောကျတယ်။ 

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Tempat cerita menjadi hidup. Temukan sekarang