Chapter 100

3.8K 449 1
                                    

☘️ Chapter 100
☘️ တကယ့်ကို နှလုံးသားမဲ့တဲ့မိသားစုပဲ (၂)

မျက်လုံးရှိသူတိုင်းအဘိုးအိုသည် ဂျင်ဟန်ကိုမျက်နှာသာပေးသည်ကိုမြင်နိုင်သည်။ သူစိတ်ပြောင်းသွားသောအခါတွင် ပါးစပ်မဖွင့်မီတွင် မျက်နှာနီရဲနေသေးသော အမျိုးသမီးဂျန်က ထရပ်ကာရွဲ့စောင်းပြောလိုက်သည်။ ပြီးခဲ့တဲ့အကြိမ်က သူကြောက်ခဲ့ပေမဲ့ ဒုတိယသားရဲ့ မိသားစုထဲကတစ်ယောက်ကိုလည်း သူမုန်းတီးခဲ့ပြီး အားလုံးကိုသေစေချင်သည်။

"အမျိုးသမီးဂျန် မင်း ဘာတွေပြောနေတာလဲ ? နောက်ဆုံးအကြိမ် တုန်းက ဂျင်ဟန့်ကိုလာကြည့်ပေးတဲ့ ဆရာဝန်က နောက်တစ်ကြိမ်ပြန်မလာတော့ဘူး။ ဂျင်ပန် ယူလာတဲ့ ဆေးကိုမှမသောက်ရင် မင်းက သူ့ကို အိပ်ယာပေါ်မှာသေတာစောင့်နေစေချင်တာလား"

အမျိုးသမီး၀မ်က သည်းမခံနိုင်တော့ဘဲ ရှေ့သို့တိုးကာ အမျိုးသမီးဂျန်အား လက်ညိုးထိုး၍ ပြောခဲ့သည်။  သူမ လုံလောက်သွားပြီ ! ဒီလူတွေက သူတို့ကိုသေဖို့ပဲ တွန်းအားပေးနေမှာလား။

"မင်း ဘယ်လို‌ပြောလိုက်တာလဲ ? ငါက ဘက် လိုက်တယ်လို့ မင်းပြောဖို့ကြိုးစားနေတာလား။ မင်းရဲ့သားက ဂျင်ပန်ရဲ့ဆေးက ပိုကောင်းတယ်လို့သာမပြောခဲ့ရင် ငါက ပြောမှာတဲ့လား။ ငါတို့ လင်းမိသားစုက ဒါနဲ့ ထိုက်တန်အောင် ဘာတွေလုပ်ပြီးပြီလဲ။ ငါ့သားက မင်းကို ဘာလို့ဒီလိုခွေးမမျိုးနဲ့ လက်ထပ်လိုက်ရတာလဲ။ နင်က မကောင်း ဆိုးဝါးတစ်ကောင်ကိုမွေးဖွားပြီး ငါ့သားကိုရန်ပြုဖို့လှုံ့ဆော်ခဲ့တယ်။ မင်းအရင်က သူ့ကို မိသားစုခွဲခိုင်းတာ အခုမင်းငါ့ကို လူတိုင်းရှေ့မှာ အပြစ်တင်နေတာလား။ မင်းက မိန်းမပျက်ပဲ နင့်ရည်ရွယ် ချက်ကဘာလဲ"

အဘွားကြီးသည် ခြေခုန်တက်ကာ ယခင်ကထက် ပိုဆိုးလာ၏။ ဒုတိယသား၏ မိသားစုမှ လူတိုင်းဘ၏ မျက်နှာသည် အထူးသဖြင့် သခင်မ၀မ်ဖြစ်သည်။  သူမသည် လင်းမိသားစုတွင် အနှစ်နှစ်ဆယ်ကျော်ကြာအိမ်ထောင်ကျခဲ့ပြီး နောက် ဆုံးအကြိမ်မှလွဲ၍ ယောက္ခမကို တစ်ခါမျှစကားမပြောခဲ့ဖူးပေ။ အခု ယောက္ခမက သူ့ကို ခွေးမလို့ခေါ်တယ်။ ဒီလိုအခေါ်ခံရအောင် သူမ ဘာလုပ်ခဲ့မိသလဲ။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now