Chapter 188

781 99 2
                                    


CHAPTER 188


သူတို့သည် အခြားတစ်ယောက်ထက်ပို၍ ကျိုးကြောင်းဆီလျော်စွာ ပြုမူနေကြသည်ကို မြင်လိုက်ရသဖြင့် အချိန်မမှားခဲ့ပါက လင်းဂျင်ရွှမ်သည် ရယ် မောနေနှင့်ပြီဖြစ်သည်။ သခင်အနေနဲ့ ကျေးကျွန်တချို့ကိုတောင်မသင်ကြားပေးနိုင်ဘူးလား။ မိသား စုကြီးသာဖြစ်ခဲ့ရင် ဒီလိုလုပ်ရဲမှာလား။ အိမ်ရှင်ထံမှ ပျဉ်ပြားများသာ လက်ခံရရှိပြီးသားဖြစ်သင့်သည်။ သခင်ကို တွေ့ခွင့်တောင်မရခဲ့ကြပေ။ မနေ့ကဝယ်ပြီးတော့ လုံလောက်အောင်မျက်နှာပေးသင့်တယ်လို့ ထင်ခဲ့တာကြောင့် သူတို့ကိုအစားအသောက်ကောင်း ကောင်းနဲ့နေရာထိုင်ခင်းပေးထားခဲ့တယ်။ ဘာ ? သူတို့ကိုယ်သူတို့ သခင်အဖြစ်တကယ်မှတ်ယူနေတာလား ??


"ငါက မင်းတို့လိုအ​စေခံ​တွေကို ​အကြောင်းပြချက်တစ်ချို့ပေးဖို့လိုလား"


ထိုင်ရန်ကုလားထိုင်ကို ရှာရင်း လင်းဂျင်ရွှမ်သည် သူ့ခြေထောက်များကိုချိတ်ထိုင်ကာ ရှည်လျားပိန်သွယ်သောဖီးနစ်မျက်လုံးများသည် နှင်းကဲ့သို့အေးစက်နေခဲ့ပြီး သခင်များအတွက် ထူးခြားသောခံစားချက်မျိုး သူ့ထံမှတဖြည်းဖြည်းထွက်ပေါ်လာသည်။ ထိုနေရာ၌ ရှိနေသော လူတိုင်းသည်ပင် နဖူးပေါ်ရှိအေးစက်နေသော ချွေးများကိုတိတ်တဆိတ်မသုတ်ပဲမနေနိုင်ကြပေ။ ဒီတော့ ဒါကမှ သူအစစ်အမှန်ပဲ။ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့အရှိန် အဝါလဲ။ ကျိုးကြောင်းဆီလျော်သော စကားများကိုပင် သူသည် ကျိုးကြောင်းဆီလျော်အော်ပြောနိုင်ခဲ့သည်!


နူးညံ့သိမ်မွေ့သော ယောက်ျားလေးသည် လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး အေးစက်မှုဖြင့် လုံးဝအစားထိုးနိုင်ခဲ့သည်။ စုဂျန်းနဲ့ သူတို့နှစ်ယောက် အံကြိတ်ပြီး အခုမှသာစိတ်မကောင်းဖြစ်သွားကြတယ်။ သူ့ရဲ့လက် ထဲမှာ ရှိနေတဲ့အတွက်ကြောင့် သူတို့ကိုရိုက်ဖို့ ဒါမှမ ဟုတ် သတ်ပစ်ရင်တောင် တခြားရွေးချယ်စရာမရှိးဘူး။ ဒါပေမယ့် ဒီအဆင့်ထိရောက်လာပြီးမှတော့ သူတို့မှာပြန်လမ်းရှိမှာလား ??

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now