☘️ Chapter 160

2.1K 262 7
                                    

☘️ Chapter 160
☘️ Operation Succeeded; Naive Tiewa (1)

“ဟီးဟီး… လက်တစ်ချောင်းမြှောက်လိုက်ရုံပါပဲ   မပြောပြထိုက်ပါဘူး။ ဒါပေမယ့် အစ်ကို၀မ် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လျှို့ဝှက်ထားပေးနိုင်မယ်လို့မျှော်လင့်တယ်။ ကျွန်တော့်မှာဆေးပညာကျွမ်းကျင်မှုတချို့ရှိမှန်းသိသွားကြမှာ မလိုချင်ဘူး”

ပြုံးလျက် ရန်ရှန်းလွေ့နှင့် မျက်လုံးချင်းဖလှယ်ကာ လင်းဂျင်ရွှမ် သူ့လက်ကိုဆုပ်ကိုင်ထားသည်။ လောင်ဝမ် ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် ကျောက်ရှန်းသည် ခြင်းတောင်းကိုကိုင်ကာရုတ်တ ရက်လမ်းလျှောက်လာပြီး

"ဦးလေးလင်း၊ ဒါက အနီရောင်ဥလေးတွေပါ။ အမေနဲ့ ညီလေးကိုကယ်တင်ပေးလို့ကျေးဇူးတင်ပါတယ်”

ကျေးလက်တွင် ကလေးမွေးဖွားသောအခါမျိုးတွင် ဆွေမျိုးများနှင့် သူငယ်ချင်းများထံသို့ အနီရောင်ဥများပေးပို့လေ့ရှိကြသည်။ ထို့ကြောင့် လင်းဂျင်ရွှမ်က သူ့ကိုမငြင်းဆန်ခဲ့ပေ။ ခြင်းတောင်းကိုယူ၍ နှုတ်ဆက်ကာ ရန်ရှန်းလွေ့နှင့်အတူထွက်ခွာသွားခဲ့သည်။

"မေ့ဆေး.. ကျွမ်းကျင်တဲ့ခွဲစိတ်မှု၊ ဂျင်ရွှမ် မင်းဆီမှာ ငါ မသိသေးတဲ့အရာတွေ ဘယ်လောက်တောင်ရှိ‌နေတာလဲ??"

အိမ်ပြန်လမ်းတွင် လက်ချင်းတွဲကာလမ်းလျှောက်ရင်း ရန်ရှန်းလွေ့က သူ့ကိုစိတ်ဝင်တစားလှည့်ကြည့် လာသည်။ သူ့မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားရင် တောင်မှ မေ့ဆေးကိုဘယ်သူမှမလုပ်နိုင်ဘူးဆိုတာ သူသိထားပြီးသားပင်။ ခွဲစိတ်မှုတစ်ခုကို ဆက်လုပ်လိုက်တယ်။ ဂျင်ရွှမ်သည် အချိန်တိုင်း သူ့အားအံ့အားသင့်စေပြီး သူ့အကြောင်းနားလည်ထားရှိမှုကိုပင်ပြန်လည်ဆန်းသစ်စေခဲ့သည်။ သူ့ဆန္ဒက တော့ တစ်စုံတစ်ယောက်ခိုးကြည့်မည်စိုးသဖြင့် သူ့ခါး၌ ခါးပတ်လိုမျိုးသာချည်နှောင်ထားလိုက်ချင်မိသည်။ သူ့ကိုလှမ်းကြည့်လိုက်ရင်း သူ့ကိုပိုလို့ တောင်စွဲလန်းလာစေမိသည်။

“ဟီးဟီး ငါ့အကြောင်း မင်းမသိတာတွေအများကြီးရှိတယ်။ တစ်ကြိမ်တည်းနဲ့ မင်းငါ့ကို ဖောက်ထွင်းမြင်နိုင်သွားအောင် ငါက ဘယ်လိုလုပ်ခွင့်ပြုရမှာလဲ ?"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now