Chapter 39 ရှင်းယွမ်စားသောက်ဆိုင်

4.8K 676 2
                                    

Chapter 39
ရှင်းယွမ်စားသောက်ဆိုင်

"ဖေဖေ ဘယ်သွားမလို့လဲ"

အနီရောင်နေရောင်က ပိုမြင့်လာတာနဲ့အမျှ စျေးကွက်က အထွတ်အထိပ်အချိန်ကိုရောက်နေပါပြီ။ စျေးသည်တွေရဲ့ ဟော့ဟောက်သံတွေကို လမ်းပေါ်မှာ နေရာတိုင်းမှာ ကြားနေရတယ်။ လင်းဂျင်ရွှမ် သည် လက်တစ်ဖက်တွင်အိုးများကိုကိုင်ဆောင်ထား ပြီး တစ်ဖက်တွင် ပေါင်မုန့်နှစ်လုံးကို ကိုင်ထားစဉ် သားအဖသုံးဦးသည် လူအုပ်ကြားကို ဖြတ်သွားကြသည်။ ထူးထူးခြားခြား ပစ္စည်းများကို တွေ့သော အခါ သမင်လှည်ပြန်လှမ်းကြည့်ကြသော်လည်း မဝယ်ခဲ့ကြပေ။ အရင်ခေတ်က ရုပ်မြင်သံကြားမှာ မြင်ဖူးတဲ့ ရှေးမြို့လမ်းတွေနဲ့ယှဉ်ရင် ဒီလမ်းတွေက ပိုဇိမ်ကျပေမယ့် ရှေးရိုးဆန်ပြီး မဆန်းပြားတဲ့ခံစားချက်တွေ ပိုရှိ‌ပေမယ့်လည်း ‌တည်ဆောက်ထားပုံမှာသိပ်ကွာခြားမှုမရှိလှပေ....

"ဖေဖေ ဘယ်သွားမလို့လဲ"

သူတို့ ခဏလောက် လမ်းလျှောက်လာရင်း ချွေးတွေ ကြောင့် အဝတ်အစားတွေပင် စိုစွတ်နေ‌လေပြီဖြစ်ရာ တစ်လမ်းလုံး စိတ်လှုပ်ရှားနေသော ပေါင်မုန့်လုံး ကြီးသည် ရုတ်တရက် ခေါင်းမော့ကာ လင်းဂျင်ရွှမ်လက်ထဲမှ အိုးတစ်လုံးကို အဓိပ္ပါယ်ရှိစွာ တစ်ချက်ကြည့်လိုက်သည်၊ မည်သူမျှ မဝယ်နိုင်တော့မည်ကို စိုးရိမ်နေပုံရသည်.....

"ဟာဟား... စိတ်ချပါ ဖေဖေတို့ အခုရောက်ပြီဟုတ်ပြီလား ?"

ကြီးမားသော ဒွိဟဖြစ်မှုကို သတိပြုမိလိုက်ရာ လင်းဂျင်ရွှမ်က ပြုံးကာ မဝေးလှသော ခမ်းနားသော အဆောက်အဦးကြီးဆီသို့ နှုတ်ခမ်းစူပြလိုက်သည်။  လင်း၀မ်က သူကြည့်နေတဲ့ လမ်းကြောင်းအတိုင်း လိုက်ကြည့်ရင်း ပိုရှုပ်ပွသွားကာ.....

"ဒါက စားသောက်ဆိုင်လား ??"

ဝတ်ကောင်းစားလှနဲ့ ယောက်ျားမိန်းမ တော်တော်များများက သုံးထပ်တိုက်ကြီးထဲက ဝင်လိုက်ထွက်လိုက်၊ အစားအသောက်စားခဲ့ကြတယ်။ သူများတွေစားဖို့ ကျွေးတဲ့နေရာကို စားသောက်ဆိုင်လို့ သူ့အဘိုးဆီက ကြားဘူးတယ်.....

"ဟမ်"

အကြောင်းအရာတွေကို ရှင်းပြဖို့ ရည်ရွယ်ချက်မရှိပဲ လင်းဂျင်ရွှမ်က သူတို့ကို ဖန်စီစားသောက်ဆိုင်ထဲကိုတိုက်ရိုက်ဆွဲခေါ်သွားတယ် မြေပြင်ပေါ်ရှိမြက်တစ်ချောင်းသည် မြေပြင်၌အမှိုက်ဖြစ်နေသော် လည်း ဂေါ်ဖီထုပ်နှင့် တွဲထုပ်ထားလျှင် ဂေါ်ဖီထုပ်ကိုစျေးနှုန်းတစ်ခုဖြင့် ရောင်းချနိုင်ပြီး ဂဏန်းတွင် ထုပ်ထားလျှင် ဂဏန်းဈေးဖြင့် ရောင်းချနိုင်သည်။ သော့ချက်မှာ သင်မည်ကဲ့သို့ စျေးကွက်တင်ခဲ့သည်ကိုကြည့်ရန်ဖြစ်သည်။ သူသည်ယိုကိုလုပ်၍ လမ်း၌ ရောင်းလျှင် အများဆုံး ကြေးဒင်္ဂါးပြား ဒါဇင်ရရုံသာ။ ကုန်စုံဆိုင်၌ဆိုလျှင် အများကြီးရောင်နိုင်မည် ဖြစ်ပြီး။ သူ့မှာသာ plan မရှိရင် လမ်းပေါ်မှာပဲ ရောင်းနေရလိမ့်မယ်...

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now