☘️ Chapter 165

1.6K 185 0
                                    

☘️ Chapter 165
☘️ Making a Scene Shamelessly; Are They Taking Us as Blockheads?

“မရီး မင်း ဘာတွေပြောနေတာလဲ ကြည့်။ ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုနဲ့ ကျွန်တော်က ညီအစ်ကိုအရင်းတွေပါ။ မင်းတို့ ထွက်သွားရင်တောင် ငါတို့ရဲ့သွေးသားဆက်နွယ်မှုကို ဖျက်ပစ်လို့မရဘူးလေ"

သူ့ဇနီးသည် မြင်ကွင်းတစ်ခုမပြမီတွင် လင်းချန်းဟူမတ်တပ်ထရပ်ပြီး မျက်မှောင်ကြုတ်ကာ အမျိုး သမီး၀မ်ကိုကြည့်နေသော ထိုမျက်လုံးများတွင် အထင်အမြင်သေးမှုများနှင့်ပြည့်နှက်နေသည်။ သူတို့၏စိတ်ထဲတွင် လင်းချန်လုံ (သို့) အမျိုး သမီးဝမ်ဖြစ်စေ ၎င်းတို့သည် သူတို့၏အနိုင်ကျင့်နိုင်သည့်အရာများသာဖြစ်သည်။ ယခုအခါ ၎င်းတို့ သည် ယခုကဲ့သို့သက်သောင့်သက်သာနေထိုင်နိုင်ရခြင်းအကြောင်းရင်းမှာ လင်းဂျင်ရွှမ်၏ယောင်္ကျားဖြစ်သူသည် ငွေကြေးနှင့် ငွေရှာနည်းများလုံ လောက်စွာယူဆောင်လာခြင်းကြောင့်သာ၊ လင်းဂျင်ရွှမ် ဒီမှာမရှိသရွေ့ ဘယ်သူ့ကိုမှကြောက်နေစရာမလိုဘူး။ ဤအိမ်ကြီး၏သခင် လင်းချန်းလုံကိုအပါဆွယ်ပြီးနောက် လင်းဂျင်ရွှမ်သည်ခေါင်းငုံ့ကာ သူတို့အား လေးလေးစားစားဖိတ်ခေါ်ရပေလိမ့်မည်။ သို့မှသာ သဘာဝကျသည်မဟုတ်ပါလား ?  ဝတ်တရားကျေပွန်ခြင်းသည် ကောင်းကင်ထက်ပင်ကြီးသည်။ လင်းမိသားစုသည် လင်းဂျင်ရွှမ်ကိုစွန့်လွှတ်လိုက်သောအခါတွင် သူ လျစ်လျူမရှုပါက မည်သူမျှဘာမှမပြောနိုင်ပေ။ ဒါပေမယ့် သူ့ဒုတိယအစ်ကိုနဲ့ သူ့ဇနီးက သူတို့ရဲ့မကောင်းဆိုးဝါးသားကို ဘယ် တုန်းကမှလက်မလျှော့ခဲ့ကြချေ။ ဒါကြောင့် သူတို့ကိုရန်‌ထောင်ရဲရင် ရွာသားတွေရဲ့တံ‌တွေးနဲ့တင်နစ်နေနိုင်သည်။

“ဟုတ်တယ် ဒုတိယမရီး မင်းရဲ့စကားကအရမ်းနာကျင်စရာကောင်းတယ်။ ငါ့ရဲ့ဒုတိယမတ်က မင်း ပြောကိုကြားရင် မင်းကိုငြင်းမှာသေချာတယ်!"

တစ်လကျော်သာကြာတော့ သူမခြေထောက်က ပိုပေါ့ပါးလာပြီး အသားအရေကပိုနူးညံ့လာသည်။ သူ့အပေါ်ကအပြာနုရောင်အ၀တ်တွေက ရိုးရိုးရှင်းရှင်းလေးဖြစ်နေပေမယ့် မြို့ကလူတွေသာတတ်နိုင်တဲ့ပိုးနဲ့ပြုလုပ်ထားသည်။ သူမနှင့် နှိုင်းယှဉ်ပါက သူမသည်အဘွားကြီး ၊ လင်းချန်းဟွာ နှင့် အမျိုးသမီးလီတို့၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို တစ်လလုံးလုံးခံခဲ့ရသည်။ ဤသည်ကိုတွေးတောရင်း အမျိုးသမီးဂျန်သည် အလွန်အမင်းဒေါသထွက်သွားခဲ့ပြီး သူ့၏ စိတ်အတွင်း အပြေးအလွှားပြေးထွက်ကာ သူမ၏ အဝတ်အစားများကိုချွတ်ယူ၍ သူ့ကိုယ်ပေါ်တင် ချင်နေခဲ့သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now