Chapter 130

3.9K 418 12
                                    

Chapter 130
မျက်စိကန်းသားသမီးကျင့်၀တ်ကျေပွန်ခြင်း ၊ လင်းမိသားစုဟောင်း၌ အရှုပ်များဖြစ်သွားခြင်း

ကျောက်နှင့် ဟန် ဇနီးမောင်နှံကို အဝေးသို့ပို့ပြီးနောက် လင်းဂျင်ရွှမ်သည် ဆုန်းကန်နွီနှင့်သူ့မိသားစုအားအဓိကအခန်းရှိ ကြမ်းပြင်ပေါ်တွင် ယာယီကုတင်ပြုလုပ်ပေးရန် စီစဉ်ခဲ့သည်။ ပေါင့်မုန့်လုံးလေးနှစ်လုံးသည် ကျောက်နှင့်ဟန်စုံတွဲ နှင့် လိုက်သွားခဲ့ပြီး လင်းဂျင်ပန်နှင့် လင်းဂျင်ဟန်တို့က နေခဲ့လိုက်ကြသည်။ မကြာသေးမီက လင်းချန်းလုံ၏ တိတ် ဆိတ်မှုကို ရှင်းရှင်းလင်းလင်းသတိပြုမိခဲ့ကြသည်။ သူတို့ဟာ အရူးတွေမဟုတ်သလို ဧည့်သည်တွေရှိနေတာကြောင့် သူဘာတွေတွေးနေလဲဆိုတာ ခန့်မှန်းနိုင်ပေမယ့် ဘယ်သူမှ မမေးကြပါဘူး။ သူကိုယ်တိုင် လာပြောဖို့စောင့်မျှော် နေကြတာပါ။

"ဂျင်...ဂျင်ရွှမ် မင်းရဲ့ထင်မြင်ချက်ကို အဖေမေးစရာရှိတယ်"

ဂျင်ပန်နှင့် ဂျင်ဟန်ထွက်ခွာခါနီးတွင် သည် ရန်ရှန်းလွေ့နှင့် လမ်းလျှောက်ထွက်ရင်း အစာကြေစေရန် အကြောင်းပြချက်ကို အသုံးပြု၍ ၎င်းတို့ကိုမတွေ့စေရန် လင်းချန်းလုံက နောက်ဆုံးတွင် မထိန်းနိုင်ဘဲ ရပ်တန့်သွားခဲ့သည်။ညီအစ်ကိုသုံးယောက်မျက်လုံး ချင်းဖလှယ်ပြီး ပြန်ထိုင်ကြကာ

"ဖေဖေ ဘာများလဲ ? ပြော မှာသာပြောပါ"

မီးရောင်မှိန်မှိန်အောက်တွင် လင်းချန်းလုံသည် သူ့မျက်လုံးများအေးစက်နေသည်ကို သိသိသာသာ သတိမထားမိပေ။ သူတို့ကို မဝံ့မရဲ လှည့်ပတ်ကြည့်ပြီးနောက် သူက ခပ်တိုးတိုးပြောခဲ့တယ်

"ဒီလို ဂျင်ရွှမ် မင်းအဒေါ်နဲ့ဂျင်ဝေအကြောင်းလည်း မင်းကြားမိမှာပါ အဲ့ကိစ္စကြောင့် မင်းအဘိုးက နေမကောင်းသေးဘူးလို့ ငါထင်တယ် ၊ နောက်ပြီး မခံနိုင် တော့မှာကို အဖေကြောက်တယ်။ အဲ့ဒါကြောင့် သူ့ကို တစ်ချက်သွားကြည့်ချင်တယ်။ မင်း ဘာပြောချင်လဲ ?"

တစ်သက်လုံး သားသမီး၀တ်ကျေပွန်ခဲ့ရသည့် သားဖြစ်ခဲ့ရသော်လည်း ထိုမိသားစုကို စိတ်ပျက်မိသော်လည်းသူ့နှလုံးသားထဲတွင် အဘိုးအိုကို ဂရု စိုက်မိနေဆဲဖြစ်သည်။ ဒါပေမယ့် ညီအကို သုံးယောက်က ချက်ချင်းဆိုသလို မျက်နှာကိုမည်းမှောင်သွားကြတယ်။ ရန်ရှန်းလွေ့သည်ပင် ရွဲ့စောင်း နေသောအပြုံးကို ပြုံးထားခဲ့သည်။ ဂျင်ရွှမ်ပြောတာမှန်တယ်။သူတို့အမြဲအနိုင်ကျင့်ခံရရခြင်းအကြောင်း ရင်းမှာ ထိုလူဆိုးများကြောင့်သာမက ထိုလူများကို အခွင့်အရေးပေးသောကြောင့်လည်းဖြစ်သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now