Chapter 113

3.2K 729 4
                                    

☘️ Chapter 113
☘️ စာချုပ်မှာလက်မှတ်ရေးထိုးခြင်း ၊ ငွေပေးချေခြင်း (၁)

"ဟုတ်ကဲ့ နှုတ်ခွန်းဆက်ပါတယ် ဆရာကြီးရွှမ်!"

နောက်ဆုံးတွင် စုန့်ဂန်နွီနှင့် သူ့မိသားစုအားလုံးသည် အေးစက်စက်ချွေးများစီးကျကာ ဦးညွှတ်သွားကြသည်။ သခင်ဖြစ်သူနှင့် ငယ်ရွယ်သော သခင်နှင့် နှိုင်းယှဉ်ရလျှင် သခင်ရွှမ်သည်ပို၍ ချစ် စရာကောင်းသည်။ လင်းဂျင်ရွှမ်က သူတို့ကိုခေါင်းညိတ်ပြပြီး ရန်ရှန်းလွေ့က ခပ်တိမ်တိမ်ပြုံးပြပြီး အာမခံသူလျူအား

"ရထားလုံးနဲ့ နွားတွေကိုကြည့်ဖို့ ဘယ်လိုလုပ်ကြမလဲ ?"

အခုတော့ တစ်နာရီနီးပါးကြာသွားတော့ ဂျင်ပန်ပြန်ရောက်လာဖို့နီးနေပြီလေ။ လယ်မြေတိုင်းတာမှုမှာ ဘယ်လိုတွေ ဖြစ်ပျက်နေလဲမသိဘူး။

"ဟင် ? ညီလေးလင်း ၊ ဒီလမ်းပါကျေးဇူးပြုပြီး"

အခြေအနေမပေါ်သေး၍ သေချာသည်မှာ၊ အာမခံသူလျူသည် ရန်ရှန်းလွေ့ကို မျက်လုံးများဖြင့်စိုက်ကြည့်ကာ 'ကျေးဇူးပြု၍' အမူအရာပြု လုပ်ခဲ့သည်။ ထိုစကားကို သူပြောသောအခါ အာမခံသူလျူသည် လင်းဂျင်ရွှမ်၏ အစ်ကို ဒါမှမဟုတ် သူငယ်ချင်းသာဖြစ်ရမည်ဟုအာမခံသည်။ လင်းဂျင်ရွှမ်က သူသည် လယ်သမားတစ်ဦးသာဖြစ်ကြောင်းပြောသဖြင့် သူသည်လယ်သ မားအဖြစ် အမှန်တကယ်မှတ်ယူသွားခဲ့သည်။ ဒါပေမယ်… ဘယ်လိုလယ်သမားမျိုးက ဒီလောက်ကြီးစိုးနေမှာလဲ။ သူ့မသိစိတ်က သူ့နောက်ခံက ရိုးရှင်းမှာမဟုတ်ဘူးလို့ ပြောပြနေခဲ့တယ်။

ဒါကိုတွေးပြီး အာမခံသူလျူက လင်းဂျင်ရွှမ်နဲ့ သူငယ်ချင်းဖွဲ့ဖို့ ပိုစိတ်ပိုင်းဖြတ်ခဲ့သည်။ တစ်ဦးမှာ အလွန်ကောင်းမွန်သော ဆေးဘက်ဆိုင်ရာ ကျွမ်း ကျင်မှုရှိကြောင်း ဘယ်လိုမှမထင်ရတဲ့ လယ်သမားတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ သာမာန်ပုံပေါက်သော် လည်း သာမန်လူဖြစ်လိမ့်မည်မဟုတ်ပေ။ အပေါ်ယံ မှာတော့သူတို့မှာ လုံးဝကွဲပြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိပေမယ့် တကယ်တော့ သူတို့နှစ်ယောက်လုံးဟာ သာမန်ထပ် ထူးကဲတဲ့ဘက်ကို ပေါင်းစည်းထားတဲ့ ဝိရောဓိတွေလိုပါပင်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now