Chapter 94

4K 478 4
                                    

☘️ Chapter 94
☘️လင်းဂျင်ဝေ၏ အမုန်း ( ၁ )

လင်းဂျင်ဝေကြောင့်၊ လင်းမိသားစုသည် ယခုအခါ လုံးဝရှုပ်ယှက်ခတ်နေပါသည်။ ပင်မခန်းထဲတွင် အဘွားကြီး၏ အော်ဟစ်ဆူညံသံနှင့် အဘိုးအိုက သူမကို တားဖို့ကြိုးစားသည့် အသံကိုကြားနေရသည်။ လင်းရှောက်တုန်သည် အိမ်နီးနား ချင်းရွာတွင်လက်ထပ်ခဲ့သောကြောင့် လင်းရှောက်တုန်မှလွဲ၍ လင်းဂျင်ဟုန်၏သားလေးအပါအဝင် ပထမသားကြီး၏အဖွဲ့ဝင်များအား လုံးတက်ရောက်ခဲ့ကြသည်။ ဒီရက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် ဒုတိယသားနဲ့ သူ့မိသားစုက အဲဒီမှာမရှိတော့ဘူး။  လင်းဂျင်ပန်နှင့် သခင်မ၀မ်တို့သည် လင်းဂျင်ရွှမ် ၏နေရာသို့သွားခဲ့ကြသည်။ လင်းချန်းလုံသည် ပေါက်ပြားကိုထမ်းပြီး လယ်ကွင်းသို့သွားခဲ့သည်။  လင်းဂျင်ဟန်က သူ့အတွက် ညွှန်ကြားထားသော ဆေးကိုသောက်ပြီးနောက်သက်သာလာသော်လည်း လင်းဂျင်ဟန်သည်သာ အိမ်တွင်ကျန်တော့သည်။တတိယသားဖြစ်သူ လင်းခန်းဟူသည် လင်းဂျင်ရွှမ်ထံမှ အရိုက်ခံရပြီး ဆိတ်ကျင်ငယ်ရည်ကိုပင်သောက်ခဲ့ရပြီး ၎င်း၏ဇနီး အမျိုးသမီးဂျန်မှာလည်း ဝက် ခေါင်းကဲ့သို့ ရောင်ရမ်းနေသည်ထိ ဦးခေါင်းကို ရိုက်နှက်ဆုံးမခံခဲ့သည်။ ဤကိစ္စအတွက် ပထမသား၏ဇနီးသည် ၎င်းတို့ကို ဂရုတစိုက်ကြည့်ရှုခဲ့သည်။ အမှန်မှာ ဉာဏ်ထက်မြက်သူတိုင်းသည် သူမအားအမြဲလိုလို ရွဲ့စောင်းပြောဆိုတတ်ကြောင်းပြောနိုင်သည်။ ယခုတော့ သားကြီး၏ မိသားစုတွင် ဤမျှကြီးကြီးမားမားဖြစ်ပျက်သွားသည်မှာအမှန်ပင်သူတို့ဘေးနားတွင် ရယ်စရာသဘောဖြင့်စောင့်ကြည့်နေချင်ကြသည်။

နောက်ဆုံးတော့ လင်းချန်းဟွာပဲဖြစ်တယ်။ ဟုတ်တာ‌ပေါ့ ဒီလိုအချိန်မျိုးမျာ သူမမပါဘဲမဖြစ်နိုင်ပါဘူး။ သူမဟာ အမျိုးသမီးလီနဲ့ တော်တော်အဆင်‌ ပြေတယ်လို့မထင်ပါနဲ့။ တကယ်တော့ သူမကလူအိုဇနီးမောင်နှံရဲ့ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း အကြောင်းပြရင်း အဘွားကြီးရှေ့မှာ မကြာခဏ ပါးစပ်ဟပြီး ယောက္ခမနဲ့ ချွေးမကြား သဘောထားကွဲလွဲမှုတွေကြဲချဖို့ တတ်နိုင်သမျှကြိုးစားနေခဲ့ပါတယ်။ ကံကောင်းထောက်မစွာ အမျိုးသမီးလီသည် လုံလောက်သောအရည်အချင်းရှိပြီး သူမ၏ကလေး သုံးယောက်သည်လည်း အိမ်ထောင်ဖက်ကောင်းတစ်ဦးစီကို ရှာဖွေတွေ့ရှိခဲ့သည်။ မဟုတ်ပါက သူမ ၏နေ့ရက်များသည် အခြားဇနီးမယားနှစ်ယောက်ထက်ပိုကောင်းမည်မဟုတ်ပေ။ ယခု နောက်ဆုံးတွင် သားကြီး၏မိသားစုတွင် ဆိုးရွားသောတစ်စုံတစ်ခု ဖြစ်ခဲ့သည်ကို မြင်လိုက်ရသောအခါ လင်းချန်ဟွာသည် နှလုံးသားထဲတွင်ပီတိဖြစ်ခဲ့ရသည်။ သူ့အိမ်ထောင်ရေးက မသာယာခဲ့ဘူး။ ထို့ကြောင့်ထိုကိစ္စတွင် သူမ၏ ဒုတိယနှင့် တတိယအစ်ကို မပါ ဝင်သော်လည်း သူမ အစ်ကိုကြီး၏ လိုက်လျောညီ ထွေရှိသောမိသားစုက သူမအသက်ကြီးပြီး တစ် ကိုယ်တည်းဖြစ်နေကြောင်း မိသားစုထံ သူမကို လက်ထပ်ရန်မိနစ်တိုင်းသတိပေးနေတတ်ပါသည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now