Chapter 140

3.8K 371 1
                                    

Chapter 140
မြေခွေးများနှင့်အတူရေချိုးခြင်း ၊ မန်ဒရင်းဘဲရေ ချိုးနဲ့ခြားနားခြင်း (၁)

အိမ်အသစ်ပြီးသွားရင် လူတွေရဲ့သံသယတွေကိုနှိုး ဆွလာမိမှာသေချာပါတယ်။ ထို့ကြောင့်လင်းဂျင်ရွှမ်သည် ၎င်းတို့အား အိမ်ရှေ့ခြံနှင့်နောက်ဖေးတွင် ရေ တွင်းအနည်းငယ်တူးရန် အထူးခွင့်ပြုကာ လခြမ်း‌ နွေဦးစမ်းရေကို ရောနှောကာမှေးမှိန်စေခဲ့သည်။ တစ်လကျော်စောင့်ကြည့်ပြီးနောက် လခြမ်းနွေဦးစမ်းရေ၏အကျိုးသက်ရောက်မှုကို သူကျွမ်းကျင်လုနီးပါးဖြစ်ခဲ့သည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် နွေဦးစမ်းရေသည်အပင်များသာမက တိရစ္ဆာန်များအတွက်ရော လူသားများအတွက်ပါ ကောင်းမွန်သည်။ တိုက်ရိုက်သက်သေပြချက်မှာ အချိန်တိုလေးအတွင်းမှာပင် ၎င်းတို့၏သေလုဆဲဆဲ အပင်များအားလုံးကို ပြန်လည်ရှင်သန်ကြောင်းတွေ့ရှိခဲ့ရသည်။ နေ့စဥ်ပင်ပင်ပန်းပန်းအလုပ်လုပ်နေတာတောင်မှ သူတို့ရဲ့ အသားအရေဟာ ချောမွေ့ပြီးဖြူစင်နေသေးတာကြောင့် ပိုလို့တောင်ကောင်းလာပါတယ်။ ဟုတ်ပါတယ်၊ အဲဒါကသူတို့ရဲ့ အစားအ သောက်ကောင်းတွေနဲ့လည်း သက်ဆိုင်ပါတယ်။ သို့သော် အဓိကအကြောင်းပြချက်မှာ လခြမ်းနွေဦးစမ်းရေသာဖြစ်သည် ထို့ကြောင့် လေးလေးနက်နက် စဉ်းစားပြီးနောက် တွင်လူတို့၏သံသယကိုမနှိုး ဆော်မိရန်၊ သူ့မိသားစုအတွက် ထိုစမ်းရေတွင်းမှ သောက်ရေကို မသိမ်းဆည်းရန်ဆုံးဖြတ်ခဲ့သည်။ ရောပြီးသောအခါတွင် ရေတွင်းရှိရေသည် ထိုမျှလောက်ကောင်းတော့မည် မဟုတ်ပေ၊ လုံလောက်နေပြီဖြစ်သော ၎င်းတို့၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။

နွေဦးစမ်းရေအကြောင်းကိုပြောရလျှင် လင်းဂျင်ရွှမ် စိတ်ဓာတ်အကျဆုံးအရာမှာ ထိုဝံပုလွေနှစ်ကောင်ဖြစ်သည်။ တစ်လသာကြာတော့ သူတို့ရဲ့ခန္ဓာကိုယ်ဟာ လျင်မြန်စွာကြီးထွားလာပြီး ဝံပုလွေတစ်ကောင်ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို တဖြည်းဖြည်း ပြသလာပါတယ်။ ပိုဆိုးတာက လင်းဂျင်ရွှမ်က ရေကိုတစ်ခုခုလုပ်လိုက်မှန်း သိသွားပုံရပြီး ရေတွင်းကနေရေအဖြစ်ပြောင်းပြီး သောက်ဖို့ငြင်းဆိုခဲ့ကြပြီး အဲဒီ့နောက် တနေကုန်အော်ဟစ်နေခဲ့ကြပါတယ်။ နောက်ဆုံးတွင် လင်းဂျင်ရွှမ်ရူးသွပ်မတတ်ဖြစ်သွားခဲ့သည်။ ဒါကြောင့် အနီးနားမှာ ဘယ်သူမှမရှိချိန်မှာတော့ သူက စမ်းရေကိုထုတ်ပြီး ခွေးအိမ်မှာရှိတဲ့ ရေချိုးကန်ငယ်လေးထဲကို ရေတွေထည့်ပေးလိုက်တယ်။ ဝံပုလွေနှစ်ကောင်သည် လူ့လောကကို သိသွားသလိုမျိုး ပြေးဝင်ကစားသည်။ ထိုအချိန်မှစ၍ လင်းဂျင်ရွှမ်သည် အလုပ်တစ်ခုပိုရလာခဲ့သည် —အားလုံးငြိမ်သွားသောအခါတွင်၊ သူသည် ၎င်းတို့အားရေချိုးပေးပြီး ကစားခွင့်ပေးရန် ခွေးဂေဟာသို့ သွားခဲ့သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now