Chapter 97

3.6K 549 1
                                    

☘️ Chapter 97
☘️ စစ်ဘက်ဆိုင်ရာတရားရုံး (၂)

"ဖေဖေ ဘာလို့ တိုင်၀မ်မလာသေးတာလဲ ? သားသူနဲ့ လက်ဝှေ့လေ့ကျင့်ချင်တယ်"

လက်ဝှေ့လေ့ကျင့်ပြီးနောက် ချွေးတွေတလုံးလုံးနဲ့ သူ့အနားမှာ ချာတိတ်လေးမတ်တပ်ရပ်နေချိန်မှာတော့ သူ့ဆီ အချိန်ဇယားအတိုင်း မရောက်သေးတဲ့အတွက် မျက်နှာလေးရှုံ့တွသွားပြီး ဘောလုံးဖြစ်သွားတာကို ဘယ်သူမှသတိမထားမိပါဘူး။

သူ့စကားကိုကြားတော့ လင်းဂျင်ရွှမ်က ကျောက်မိသားစုလည်း စစ်တပ်ထဲဝင်ဖို့ တစ်ယောက်ကို ရွေးရမယ်ဆိုတာသတိရသွားတယ်။သူတို့မိသားစုလည်း ရှုပ်နေပြီထင်ပါရဲ့။ ကျောက်နှင့်ဟန်တို့ နှစ်ဦးစလုံးသည် အမျိုးသားများဖြစ်ကြသော်လည်း ၎င်းတို့၏ အိမ်ထောင်ရေးအတွက် အဆုံးမရှိသောအပြစ်တင်ခြင်းကို ခံခဲ့ရသော်လည်း ၎င်းတို့၏ဆက်ဆံရေးမှာ အမြဲတည်ငြိမ်နေခဲ့သည်။ စစ်မှုထမ်းဖို့ဆိုတာ ဖြိုခွဲခံရသလိုပါပဲ။ မနက်ဖြန် ယိုပို့ပြီးနောက် သူတို့ကိုပေးရန်ဖို့စီစဉ်ထားတယ်။ အခုမှတော့ စောစောပေးရတာပဲပိုကောင်းပါတယ်။ ဒီရက်ပိုင်း သူတို့အားလုံးကိုကျေးဇူးတင်တယ်။

သူဘာတွေတွေးနေလဲသိတော့ ရန်ရှန်းလွေ့ကသူ့ကို မနှောင့်ယှက်ဘူး။ လက်ဖက်ရည်ခွက်ကိုလောင်းချပြီး ပေါင်မုန့်သေးသေးလေးရဲ့ ပါးစပ်ထဲကို ကမ်းပေးရင်း

"မင်း ပင်ပန်းနေပြီလေ ကိုယ်ခံပညာလေ့ကျင့်တာက နေ့ချင်းညချင်းအောင်မြင်နိုင်တဲ့ အလုပ်မဟုတ်ဘူး၊ စိတ်ရှည်သည်းခံပြီး တစ်နေ့ထက် တစ်နေ့တိုး တက်အောင်လုပ်ရမှာ" လို့ပြောလိုက်တယ်

ရက်အတော်ကြာ အတူတူနေထိုင်ပြီးနောက်တွင် သူသည် သူ့ကလေးများနှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။ နှစ်ယောက်စလုံးက သူ့ကိုအရမ်း သဘော ကျကြတယ်။

"ဟမ် အဖေ ၊ အဖေက ကိုယ်ခံပညာ ကောင်းတယ်လို့သားကြားတယ်။ တိုင်ချီကို အဖေ သင်ပေးတဲ့ သိုင်းပညာ အစုံနီးပါးသင်ယူပြီးပြီ တခြား ကိုယ်ခံ ပညာတစ်ခုခု ထပ်သင်ပေးလို့ရမလား ?"

ရန်ရှန်းလွေ့ရဲ့လက်ထဲမှာ ကိုင်ထားတဲ့လက်ဖက်ရည်ခွက်ကို မော့သောက်ရင်း ပိန်ပိန်သေးသေးလေးက သူ့ကိုမျှော်လင့်နေတဲ့ မျက်လုံးတစ်စုံနဲ့ ကြည့်လိုက်တယ်။ သူ့လက်ရေးလှရေးနည်းကိုလေ့ကျင့်ပြီးသွား တဲ့လင်း၀မ်ကလည်း သူ့ဆီကိုမျှော်လင့်နေတဲ့မျက် လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။ ကိုယ်ခံပညာကို စွဲလမ်းသူ တစ်ယောက်လိုဖြစ်နေသော လင်းဝူနှင့် နှိုင်းယှဥ်ကြည့်လျှင် သူသည် ၎င်းအကြောင်းကို အထူးစိတ်ဝင်စားခြင်းမရှိပေ။ ဒါပေမယ့် သူဒီ့ထက် ပိုပြီးသင်ယူနိုင်ရင်...

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now