Chapter 75

4.3K 571 2
                                    

Chapter 75
စီးပွားရေးလုပ်ငန်းကြီးနှင့် သဘောတူညီချက်ကို ပြန်လည်လက်မှတ်ရေးထိုးခြင်း (1)

နံနက်စောစောတွင် မြင်းလှည်းနှစ်စီးသည် ထိုရွာအနည်းငယ်၏လမ်းဆုံမှ လင်းရွာသို့ ရုတ်တရက် မောင်းဝင်လာခဲ့သည်။ ရှေ့နားရောက်သော်လင်းဂျင်ရွှမ်သည် မည်သည့်နေရာတွင် နေထိုင်သည်ကိုမေး မြန်းပြီးနောက် နှစ်ယောက်စလုံး ရွယ်ဟွာတောင်ခြေသို့ တိုက်ရိုက်သွားခဲ့ကြသည်။ လမ်းမှာ အလုပ်လုပ်နေတဲ့ လယ်သမားတော်တော်များများက ဒါကိုမြင်ပေမယ့် ဒီမှာဘာလာလုပ်နေလဲဆိုတာ ဘယ်သူမှမမေးရဲကြဘူး။ လူတိုင်းနီးပါးက သူတို့ဒီမှာ ဘာလာလုပ်နေကြတာလဲဆိုတာ သိချင်နေကြတယ်။

ဝါးးး~~

ရထားလုံးသည် လင်းဂျင်ရွှမ်၏ အိမ်တံခါးဝတွင် ရပ်သွားခဲ့သည်။ ရှင်းယွမ်စားသောက်ဆိုင်မှ ဆိုင်ရှင်ကျန့်သည် အနောက်မှ ဆင်းလာကာ လှည်း သမားတစ်ဦးကို လက်ပြ၍ တံခါးကိုခေါက်လိုက်ပြီး အစေခံနှစ်ယောက်ကို ခေါ်ဆောင်သွားခဲ့သည် ။

" ဘယ်သူလဲ ? "

ပေါင်မုန့်လုံးလေး၏ ပြတ်သားသောအသံကိုကြား လိုက်ရပြီး ကျွိခနဲမြည်ကာ သစ်သားတံခါးသည် အတွင်းမှပွင့်သွားခဲ့သည်။ တံခါးနောက်မှာရပ်နေတဲ့ ပေါင်မုန့်လုံးလေးက သူတို့ကို အပေါ်အောက်ငုံ့ကြည့်ပြီးခေါင်းညိတ်ပြလိုက်တယ်။ ဆိုင်ရှင်ကျန့် ကသူ့ပါးစပ်ကို မဖွင့်ခင်မှာ ပေါင်မုန့်လုံးလေးက လှည့်ပြီးပြန်ပြေးသွားခဲ့သည် ။

"ဖေဖေ၊ ဖေဖေ မနေ့က စားသောက်ဆိုင်က ဦးလေး လာပြီ ဖေဖေ..."

"အိုး... "

ဒါကိုမြင်တော့ ဆိုင်ရှင်ကျန့်က အဲ့ဒီမှာ အေးခဲသွားပြီး အဲဒီပိန်ပိန်ပါးပါးပုံစံလေးကိုပဲကြည့်လိုက်တယ်။

"ကျွန်တော့်သားရဲ့ မသိနားမလည်မှုအတွက် တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ၀င်ခဲ့ပါ"

သိပ်မကြာခင်မှာပဲ လင်းဂျင်ရွှမ်က အခန်းထဲက ထွက်လာပြီး အခုမှ ရောက်လာတဲ့ လင်းဂျင်ပန် နဲ့ပေါင်မုန့်နှစ်လုံးကဒီအချိန်မှာပဲ ဆိုင်ရှင်ကျန့်က အပြုံးတစ်ခုကို ဖြစ်ညစ်ပြုံးပြလိုက်ပြီး သူ့ရှေ့မှာလက်နှစ်ဖက်ကို ယှက်ကာဆုပ်ကိုင်ထားလိုက်ပါတယ်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now