Chapter 78

4.8K 561 2
                                    

🍁 The Blessed: Chapter 78
အဲ့တာက စျေးဘယ်လောက်ပဲကြီးကြီး ငါတို့ဝယ်မယ် !!

နွားလား ဆိတ်ဘဲဖြစ်ဖြစ် အဆင်ပြေတယ် ဒါပေမယ့် ဥတော့မရဘူး ဦးလေးပြောသလိုဆို ကြက်က လေးတွေလည်းဝယ်လို့ရတယ် သူတို့ကြီးလာရင် ဥ လေးတွေပါစားလို့ရမယ်။ ဖေဖေ ပြောတာမှန်တယ် သားတို့မှာ ပိုက်ဆံတွေရှိလာပြီ ဒါပေမယ့် စုဆောင်းဖို့လိုနေတုန်းပဲ !! ဖေဖေ သားတို့ကို ကျောင်းပို့ချင်တယ်လို့ ပြောထားတယ်မဟုတ်ဖူးလား ?? သားတို့အိမ်လည်းပြုပြင်ဖို့လိုတယ်လေ ဖေဖေသိပါတယ် ပိုက်ဆံတွေအများကြီးလိုတယ်ဆိုတာ..."

နွားနဲ့ဆိတ်က တိရိစ္ဆာန်တွေဘဲ ဒါကြောင့်ပိုက်ဆံက ဆုံးရှုံးမှာမဟုတ်ဘူး ဒါပေမယ့်ကြက်ဥလိုမျိုးအသုံး အဆောင်ပစ္စည်းတွေကို သူကပြတ်ပြတ်သားသား ငြင်းဆိုခဲ့တယ် သူ့ရဲ့မရပ်မနား‌ပြောသံကြောင့် 'အာဏာ' ကို ပြန်လည်သိမ်းပိုက်ဖို့ ပျက်ကွက်ခဲ့တဲ့ လင်းဂျင်ရွှမ်က ကမန်းကတန်းပြောခဲ့ပါတယ် ။

"ကောင်းပြီ မင်းပြောတဲ့အတိုင်း ငါတို့လုပ်မယ် မင်းအဲဒီငွေတွေကို အရင်ဖယ်ထားလိုက် ငါ မင်းဦးလေးနဲ့ နှစ်ယောက်တည်း စကားပြောစရာရှိတယ်"

သူ့ရဲ့တွန့်တိုတဲ့ ပေါင်မုန့်လုံးကြီးကဒီလောက်တောင် ခွင့်လွှတ်နိုင်လောက်အောင် ကောင်းနေခဲ့ပြီလေ။  လင်းဂျင်ရွှမ်သည် ငွေဆယ်ချောင်းနှင့် ငွေစအနည်း ငယ်ကိုထုတ်ကာချိတ်ဆွဲပြီး သူ့ထံ ပြန်ပေးလိုက်သည်။

" အဆင်ပြေလား ?? "

အထုပ်ကိုလက်ခံပြီးနောက် လင်းဝမ်သည် လှည့်ကြည့်၍ ရွှင်မြူးလျက်ပြေးထွက်သွားကာ နောက်မှ လိုက်လာသော ပေါင်မုန့်လုံးလေးနှင့် တခစ်ခစ်ရယ်နေသည်။ အရိပ်နှစ်ခု ပျောက်ကွယ်သွားသည့်တိုင် အောင် ညီအကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ကြသည်။ ကိစ္စမရှိပါဘူး ။ ပေါင်မုန့်လေးတွေ ပျော်နေသရွေ့ သိမ်းထားသင့်တယ်။

"ဂျင်ပန် ၊ နောက်တော့ မင်းအစ်ကို၀မ်ရဲ့ ဆိုင်ကိုသွားပြီး ငါးဆယ်ဂျင်ကို သိုလှောင်နိုင်တဲ့ အိုးကြီးငါးဆယ်ကို မှာခဲ့လိုက်ဦး ၊ အ၀က သိပ်မကြီးဘူး ၊ သာမန်ဝိုင်အိုးတွေလိုပဲ လုပ်မယ် ၊ ပြီးတော့ မနေ့ကလိုအိုးသေးနှစ်ရာကို ထပ်မှာခဲ့လိုက်ဦး သူ့ကိုယ် ထည်ကိုနက်မှောင်တဲ့အရောင်နဲ့ အိုးအောက်ခြေမှာ 'လင်း ယို' ဆိုတဲ့ စကားလုံးကို ငါလိုချင်တယ်။ မနေ့က ငါတို့မှာထားတဲ့ ဝိုင်ပုလင်းနှစ်ရာ နဲ့ ခုနောက်ထပ် မှာထားတွေကို လင်း၀မ်မသိစေနဲ့ဦးနော်"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now