☘️ Chapter 10

6.5K 915 16
                                    

☘️ Chapter 10
☘️ Petty Little Bun

နေဝင်လာသည်နှင့်အမျှ သားအဖသုံးယောက် တဲဆီသို့ ခပ်သုတ်သုတ်ပြန်သွားကြသည်။ ပေါင်မုန့်လုံးလေးများအဝတ်အစားလဲနေသည့်အချိန် လင်းဂျင်ရွှမ်သည် မီးဖိုချောင်ထဲသို့ကြည့်လိုက်ရာ မီးဖိုအ သေးတစ်ခု သံဒယ်အိုးကြီးတစ်လုံး၊ အိုးကွဲအနည်း ငယ်နှင့် ထင်းအချို့အပြင်အခြားဘာမှမရှိချေ။ လင်းဂျင်ရွှမ် သက်ပြင်းတစ်ချက်ချရင်း မီးဖိုချောင်အလယ်မှာ အိုးကိုချထားလိုက်ပြီး နောက်ဖေးဘက်သို့လှည့်ကာ ငါးကိုစတင်ကိုင်တွယ်လိုက်ပါတော့တယ်။

" ဖေဖေ ၊ သား အကြီးဆုံးအပိုင်းကိုစားမယ်နော် "

ပေါင်မုန့်လုံးလေးက ပျော်ရွှင်စွာပြေးလာပြီး သူ့ရှေ့တွင်ငုတ်တုပ်ထိုင်ကာ ရွှန်းလဲ့နေတဲ့မျက်လုံး၀ိုင်းကြီးတွေနဲ့ ငါးကြင်းကြီးရဲ့ အကြေးခွံတွေဖယ်ရှားနေတာကိုထိုင်ကြည့်နေခဲ့သည်။

"ဒီလောက်ကြီးရင် သားအတွက် လုံလောက်ပြီမဟုတ်ဘူးလား ?? သားအစ်ကိုကြီးကော ဘယ်မှာလဲ ?"

"အိမ်နောက်ဖေးသွားပြီး အဝတ်တွေအခြောက်ခံဖို့ ထင်းသွားယူနေတယ်၊ ဖေဖေ ဒါ‌တွေကို ဒီတစ်ညတည်းနဲ့ အကုန်စားပစ်မလို့လား ?"

"အင်း‌လေ မစားရင် ? ဒီရာသီဥတုနဲ့ သိမ်းထားလို့မှ မရတာ၊ ပြီးတော့ ငါးဆိုတာ လတ်ဆတ်နေမှစားလို့ကောင်းတာ အကြာကြီးထားထားရင် အနံ့အသက် တွေထွက်လာလိမ့်မယ်"

" ဒါပေမယ့်..."

သူ့နှာခေါင်းသေးသေးနဲ့ မျက်ခုံးလေးတွေလှုပ်ရှားသွားသည်။ လင်းဂျင်ရွှမ်က ဘာလို့ထင်းတွေနဲ့ ဝင်လာတာလဲလို့ မမေးခင်မှာပင်

"ဖေဖေ ဒီလောက်ကောင်းတဲ့ အစားအစာကို တခါတည်းနဲ့ ဘယ်လိုလုပ်စားရမှာလဲ ? ဒီလို ငါးကြီးကြီးဆို သားတို့ချဉ်အောင်လုပ်လိုက်လို့ရတယ်‌လေ၊ အဲဒါက သားတို့ကိုရက်အတော်ကြာထိအောင်စားလို့ရနိုင်တယ်.."

"ဟူး.. ?"

လင်းဂျင်ရွှမ်သည် အံသြသွားသည်၊ ငါးကို ကြေးခွံချွတ်နေရင်းခေတ္တရပ်တန့်သွားသည်။ အဲ့လောက်ထိ ချွေတာရမှာလား...??

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now