Chapter 87

4K 502 0
                                    

🍁TB : Chapter 87
🍁ထိုညတွင် သူ၏သားများကိုရှာဖွေခြင်း (4)

"ကျစ် ~ ကျစ် ~ လင်းဂျင်ဝေ မင်းက နည်းနည်းတော့ ဉာဏ်ကောင်းတယ်လို့ တွေးနေတုန်း ဝက်တစ်ကောင်လို ဘာလို့မိုက်မဲနေတာလဲ ? လင်းဂျင်ဝေ  အရာအားလုံး မင်းပေါ်မူတာ်နေတယ် ထင်နေတာလား ? ဒီနေ့ မင်းငါ့ကို ကျိုးကြောင်းဆီလျော်စွာဖြေရှင်းချက်ကောင်းကောင်း မပေးနိုင်ဘူးဆိုရင် မနက်ဖြန်နေကို မမြင်စေရဘူးလို့ ငါ ကတိပေးတယ်"

တခစ်ခစ်ရယ်သံကိုကြားပြီးနောက်၊ လင်းဂျင်ရွှမ် ၏ရှည်လျားကျဉ်းမြောင်းသောမျက်လုံးများသည် ရုတ်တရက်ကျယ်လာပြီး အေးစက်သောအလင်း ရောင်နှင့်အတူအကြည့်တစ်ချက်ကြောင့် လင်းဂျင်ဝေသည် ကြောက်လန့်သွားသဖြင့် ခုန်မိပြီးနောက် သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ တစ်ကိုယ်လုံး ကျောက်တုံးကဲ့သို့ တောင့်တင်းနေလေသည်။

"မကြောက်ပါနဲ့ ၊ ဒီကိစ္စမှာ ဘယ်သူပါလဲ ဆိုတာကို ရိုးရိုးသားသား ပြောပြပြီး စာရွက်မှာ လက်ဗွေနှိပ်လိုက် နှိပ်ပြီးရင်မင်းကို ငါဒုက္ခပေးမှာမဟုတ်ပါဘူး"

အနည်းဆုံးတော့ လောလောဆယ် မဟုတ်သေးဘူး !!

"မဟုတ်ဘူး တခြားဘယ်သူမှမရှိဘူး ငါပြောခဲ့သလိုပဲ ငါက ကလေးတွေကို အပျော်သဘောနဲ့ခေါ်လာခဲ့ရုံပဲ ဦးလေးအနေနဲ့ ကလေးတွေနဲ့ပျော်စရာတွေလုပ်ဖို့ ခေါ်ခဲ့လို့တောင်မရဘူးလား ?"

သူကြောက်‌နေခဲ့တယ်။ လင်းဂျင်ဝေသည် လုံးဝအာရုံမပျက်သွားခဲ့ပေ။ ကလေးတွေကို ခေါ်ယူတာနဲ့ ကလေးတွေကို ပြန်ပေးဆွဲတာဟာ လုံးဝကွဲပြားတဲ့ အရာနှစ်ခုပါပဲ။ အခုလုပ်ရပ်က ဦးလေးက တူများ ကိုခေါ်ယူဝာာထပ် ကျော်လွန်နေခဲ့တယ်။ နောက်ပိုင်းသေချာစိစစ်ပြီးရင် သူ့ကို တရားရုံးဆီပို့မှာ သေချာပါတယ်။ သူ့ယောက္ခထီးကလည်း မပါဝင်ချင်ပုံရသည်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သူခိုးတယ်ဆိုတဲ့အချက်ကို ဝန်ခံမှာမဟုတ်ဘူး။

"က​လေး​တွေကို အ​ပျော်သဘောနဲ့ခေါ်ခဲ့တာလား ? ​သူတို့ရဲ့ ဖေဖေတစ်ယောက်အနေနဲ့ ငါက ဒီအ ကြောင်းကို ဘာလို့မသိခဲ့ရတာလဲ ? မင်းရဲ့ Xiucai အဖေက သူများ​တွေရဲ့ ပစ္စည်း​တွေကိုသုံးတဲ့အခါ ပိုင်ရှင်ရဲ့ ခွင့်ပြုချက်လိုတယ်လို့ မင်းကိုမသင်​ခဲ့ဘူးလား ? မင်းငါ့ကို သုံးနှစ်ကလေးလို့ထင်နေတာလား ဒီလောက်နဲ့ ငါ့ကို အရူး‌လုပ်လို့ရမယ်ထင်နေတာလား ? ဒါဆိုရင် တရားသူကြီးဟူက ဒါတုန်မြို့မှာရှိနေတယ်လို့ကြားတယ် ငါတို့အတွက် သူ့ကို တရားမျှတမှုရအောင် လုပ်ခိုင်းကြမလား ?"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now