Chapter 71

4.5K 602 4
                                    

Chapter 71
ခေါင်းငုံ့ပြီး အလျှော့အတင်းလုပ်ခြင်း (1)

"ဘိုးဘွားခန်းမကို သုံးမနေနဲ့တော့ ကျွန်တော့်ကိုရေကန်ထဲမှာ နစ်ခဲ့ရင် ကျွန်တော်နဲ့ ကလေးတွေခုထိအသက် မရှင်ခဲ့မှာမဟုတ်ဘူး။ ကျွန်တော့်အိမ်ကို ၀င်ပြီးပစ္စည်းတွေရိုက်ချိုးတယ် ပစ္စည်းကိုလုယက်တယ် အကယ်၍ ခင်ဗျားတို့ဘက်က ဒီကိစ္စကိုကျော်သွားချင်ရင်တောင် ကျွန်တော်ဘက်ကလက်မခံနိုင်ဘူး။ မနက်ဖြန်မနက် တရားရုံးကိုသွားပြီး တရားစီရင်သူကြီးကို ကျွန်တော့အတွက် တရားမျှတမှုရှာပေးဖို့ တောင်းဆိုရမယ်။ ကျွန်တော် ကြည့်ချင်ပါသေးတယ် ဘယ်အရာကများ စည်းမျဉ်းတွေကို ချိုးဖောက်နိုင်မလဲလို့ !"

မူလလင်းဂျင်ရွှမ်သာဖြစ်ခဲ့လျှင် သူ့ခြေထောက်များသည် ဂျယ်လိုအဖြစ်သို့ ပြောင်းလဲသွားသင့်သည်။ ဒါပေမယ့် လက်ရှိ လင်းဂျင်ရွှမ်ကတော့ Sorry ပဲ သူ့အဘိဓာန်မှာ 'ကြောက်တယ်' လို့ ခေါ်တဲ့ စကားလုံးမရှိဘူး။ တစ်ချို့တွေက သူ့ဆီက အနိုင်ကျင့်တာမခံရလို့ ကံကောင်းတယ်လို့ ခံစားရတဲ့အချိန်မှာ တစ်ချို့တွေက သူ့ကို အနိုင်ကျင့်ဖို့ ဘယ်အချိန်ကတည်းကများ ရောက်နေကြတာလဲ ??

"မင်း...သူပြောတာ တကယ်ပဲဟုတ်လား ?"

သူများတွေကသာ ဥပဒေတွေမသိရင် မသိမယ် အဲ့ထဲ ရွာလူကြီးမပါဘူး။ လင်းဂျင်ရွှမ်သည် ၎င်းတို့အား တရားစွဲရန် တရားရုံးသို့သွားမည်ဖြစ်ကြောင်း ကြားသိရသဖြင့် သူ့မိသားစုနှင့် တပိုင်းတစပင် မဆက်ဆံ၀ံ့တော့ပေ။  မည်းမှောင်သောမျက်နှာထားဖြင့်ကို မရီးဖြစ်သူနှင့် အခြားသူများထံလှည့်၍မေးလိုက်သည်။ အဘွားကြီးသည် ဒုတိယသားဖြစ်သူနှင့် စကားများရန်ဖြစ်နေသည်ကိုကြားရုံဖြင့် အသေးစိတ်အချက်အလက်များကို သိရှိရန်အချိန်မရှိသဖြင့် အလျင်အမြန်သွားခဲ့ကြရာ ယခုအခါ လင်းဂျင်ရွှမ်ထုတ်ပြောမှသာ သိရခြင်းဖြစ်သည်။

"ဘာလို့ သူ့ကို လူအိုဇနီးမောင်နှံနှစ်ယောက်နဲ့ ဂျင်ပန်က နေ့တိုင်းငါးဖမ်းပြီး ရတဲ့ပိုက်ဆံနဲ့ သူ့ကိုထောက်ပံ့နေတာကြ ဘာလို့မပြောတာလဲ ? ရွာက ဘယ်သူကများ မသိကြလို့လဲ ?? သူ့ပစ္စည်းအသစ်တွေက သူတို့ ဇနီးမောင်နှံရ ထားတဲ့ ပိုက်ဆံနဲ့ဝယ်ခဲ့တာပဲ ငွေတစ်စမှ မရခဲ့တဲ့အပြင် မိသားစုနဲ့လည်း မခွဲရသေးဘူး၊ တစ်ခုခုတော့ ပြန်ယူသင့်တယ် ! ဘာလို့လဲဆိုတော့ သူတို့က ငါတို့ လင်းမိသားစုတစ်ခုလုံးနဲ့သက်ဆိုင်နေလို့ပဲ"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now