☘️ Chapter 163 - 164

1.7K 209 6
                                    

☘️ Chapter 163
☘️ A Wild Goat: Ling Chenhu And His Wife (1)

"အိုးး မဟုတ်သေးဘူး ၊ ဒီတောဆိတ်က ဘယ်က‌ ရောက်လာတာလဲ။"

နောက်တစ်နေ့ အရုဏ်မတက်မီတွင် လင်းမိသားစု ၀င်များသည် တယောက်ပြီးတယောက်နိုးလာခဲ့ကြသည်။ သက်ဆိုင်ရာအခန်းတွေနဲ့ တွဲထားတဲ့ရေချိုးခန်းထဲမှာ ရေချိုးမပြီးခင်မှာ ဆုန်းရန်ရဲ့ အာမေဋိတ်သံက ရုတ်တရက် သူတို့နားထဲကိုရောက်လာသည်။  မိသားစုများက တံခါးဖွင့်ကာ ဖြစ်ပျက်သွားတာကိုကြည့်ကြည့်ကြသည်။

"တောဆိတ်လား ?!"

"Howl~"(ဝံပုလွေသံ)

ဗဟိုအခန်းတံခါးရှေ့တွင် တောဆိတ်ကြီးတစ်ကောင်သည် လည်ပင်းတွင်ဒဏ်ရာအနည်းငယ်ရရှိကာငြိမ်သက်စွာလဲလျောင်းနေခဲ့သည်။ သွေးတွေ စီးကျနေသည်မို့ ကြောက်စရာပင်။ တစ်မိသားစုလုံးဘာဖြစ်နေတာလဲလို့ တွေးနေကြချိန်မှာတော့ သား ပေါက်နှစ်ကောင်ဟာ ဘယ်ကနေပေါ်လာမှန်းမသိ လင်းဂျင်ရွှမ်ရဲ့ ခြေဖဝါးနား၌အော်ဟစ်နေခဲ့သည်။

လင်းဂျင်ရွှမ်သည် မျက်လုံးများမှေးမှိန်သွားကာ သူ၏စူးရှသော မျက်လုံးနှစ်လုံးသည် ၎င်းတို့၏ ပါးစပ်မှအနက်ရောင်အမွှေးအမျှင်များကို သတိပြုမိသောကြောင့် ၎င်းတို့ကိုပွတ်သပ်ပေးရင်း ထိုင်ချလိုက်ပြီး အချိန်အတော်ကြာပြီးနောက် သူသည် တောဆိတ်သေကောင်ကို လက်ညှိုးထိုးပြကာ

"မင်းတို့ ဖမ်းမိလာတာလား ?" ဟု မေးလိုက်သည်။

"Howl~"(ဝံပုလွေသံ)

ဝံပုလွေနက်နှစ်ကောင်က သူပြောတာကိုနားလည် သည့်ပုံပေါ်ပြီး အမြီးတွန့်ပြရင်း သူ့ဆီအကြွေးတောင်း‌သလို ညည်းတွားနေပုံရသည်။ လူတိုင်း သူတို့ကိုစိုက်ကြည့်နေခဲ့သည်။ သူတို့ ဒီလောက်သေး တာ တောဆိတ်တစ်ကောင်ကိုအမဲလိုက်နိုင်တာလား ? မနေ့ညက သူတို့မတွေ့မိတာ အံ့သြစရာမရှိ တော့ဘူး။ တောင်ပေါ်ကတောထဲထိတောင်ရောက်သွားတယ် !

“ကောင်းကောင်းနေ ရှောင်၀မ်တို့နဲ့သွားကစားချည်"

လင်းဂျင်ရွှမ်သည် အခြားသူများ၏အံ့အားသင့်သည့်တုံ့ပြန်မှုနှင့်မတူဘဲ အနည်းငယ်တွေးတောကြည့်ပြီးနောက် ခေါင်းညိတ်ကာမတ်တပ်ထရပ်လိုက်သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now