Chapter 82

4.1K 516 6
                                    

🍁 The Blessed: Chapter 82
အမျိုးသမီးလီရောက်လာခြင်း ၊ တစ်ခုခုဖြစ်နေပြီ ( 2 )

မူလကသူသည် နွားဝယ်ရန်ကြံစည်ခဲ့သော်လည်း မြေဝယ်ရန်တွေးကာ နွားနှင့်ဆိတ်နို့ကို အရင်ဝယ်ရန်ဆုံးဖြတ်ခဲ့သည်။ အခုနွားဝယ်ရင်တောင်နေ့တိုင်း နို့ကအများကြီး မကုန်နိုင်ဘူး။ ပေါင်မုန့်လုံးကြီးဆီကနေ ငြီးတွားတာကိုမခံချင်တော့ဘူး။

"တကယ်လား ? အရမ်းကောင်းတယ် ၊ မင်းတကယ် အနံ့ဆိုးတွေကို ဖယ်ထုတ်နိုင်ရင် ဆိတ်နို့က တကယ်ကောင်းတာပဲ "

"ဂျင်ရွှမ် မင်းဒီစကားကိုကြားရတာကို မုန်းနေနိုင် မှန်း သိပါတယ် ဒါပေမယ့် မင်းကိုသတိပေးရဦးမယ်။ မလိုအပ်ဘူးလို့ထင်တဲ့ အရာမှန်သမျှကို မင်းကိုယ်တိုင်ထိန်းထားနိုင်ရင် ပိုကောင်းပါတယ်။ အခုမင်းမှာ ပိုက်ဆံရှိနေတာမှန်တယ်။ အနာဂတ်မှာပိုက် ဆံလိုတဲ့နေရာတွေအများကြီးရှိသေးတယ်။ အမေတို့ကအရည်အချင်းမရှိတော့ မင်းတို့ညီအစ်ကိုတွေ အ တွက်အတွက်နည်းနည်းပဲ တတ်နိုင်တယ်။ ဒါ့ကြောင့် မင်း ပိုက်ဆံကို သုံးမယ်ဆိုရင် သေချာတွက်ချက်ပြီးမှ သုံးပါ"

သခင်မ၀မ်သည် ယနေ့ ငွေ တစ်ရာ့နှစ်ဆယ်ရရှိခဲ့သည်ကိုမသိပါ။ ဒီနေ့ သူ ဝက်နဲ့ ကြက်တွေဝယ် လိုက်တာကို မြင်လိုက်ရတာက သူ့စကားဟာကျိုးကြောင်း ဆီလျော်မှုသာဖြစ်သည်။ဒါပေမယ့် လင်းဂျင်ရွှမ်ကတော့ စိတ်မရှည်တဲ့အရိပ်အယောင်ကို မပြခဲ့ပါဘူး။ သူ့လက်ကို ဆုပ်ကိုင်ဖို့ အစပြုခဲ့တယ်။

"အမေကလည်း ဘာတွေပြောနေတာလဲ? မေမေတို့လို မိဘမျိုးတွေနဲ့ဆုံရတာထပ် သားတို့ ပိုမပျော်နိုင်တော့ဘူး။ ဟမ်!! မေမေ အမေရာသီမလာတာကြာပြီ မဟုတ်လား ??"

စာကြောင်းရဲ့အလယ်မှာ လင်းဂျင်ရွှမ်က ရုတ်တရက် သူ့လက်ကို စားပွဲပေါ် ဖိလိုက်ပြီး သူမရဲ့ နှလုံးခုန်နှုန်းကို လက်ချောင်းလေးတွေနဲ့ ညင်သာစွာ နှိပ်နယ်လိုက်ပါတယ်။  လူတော်တော်များများရှေ့မှာ ဒီလိုမျိုးမေးတာလေ၊ Lady Wang က မတတ်နိုင်ဘဲ ရှက်ရွံ့ပြီး ထစ်ထစ်၊

"ဟုတ်ပါတယ် နှစ်လလောက်တော့ရှိမယ်ထင်တယ် ဒါပေမယ့် ရာသီလာတတ်တယ် ပုံမှန်မလာဘူးဆိုတော့ ပြဿနာမဖြစ်ဘူး"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now